💗 အပိုင်း 3 💗

6.4K 462 36
                                    

Affection

💗 အပိုင်း 3 💗

MD ရုံးခန်းရှေ့ကို ရောက်တော့ အင်ကြင်း တံခါးမခေါက်ခင်မှာ အသက်ကို ၀၀ရှူသွင်းလိုက်သည်။

ပြီးမှ တံခါးကို နှစ်ချက်ဆင့်ခေါက်လိုက်သည်။

"၀င်ခဲ့ပါ....."

အင်ကြင်း တံခါးလက်ကိုင်ကိုဆုပ်ကိုင်ကာရုံးခန်းထဲ ၀င်လာတော့ ရုံးခန်းထဲမှာ MD အပြင် မမဖောင်းဖောင်းတို့ သားအမိကိုပါ
တွေ့လိုက်ရသည်။

"တီတီအင်ကြင်း ....."

CoCo လေးက သူမကို တွေ့တာနဲ့ ဆိုဖာပေါ်မှ ဆင်းလာကာ သူမရှိရာသို့ ပြေးလာလေသည်။

အခုလို ပြန်လည်‌မမွေးဖွားလာခင်မှာ သူမ CoCo လေးကို နောက်ဆုံးတွေ့ခဲ့တာက မင်းစက်ရဲ့ မင်္ဂလာဆောင်မှာဖြစ်သည်။

အဲ့တုန်းကတော့ CoCo လေးက တော်တော်ကြီးနေပြီဖြစ်သည်။

အခုကတော့ မူကြိုတောင်မတက်ရသေးသည့် ကလေးလေးပဲ ရှိသေးသည်။

အင်ကြင်း ထိုင်ချပြီး သူမဆီကို ရောက်လာသည့် မုန့်ချိုလုံးလေးကို ပွေ့ဖက်လိုက်သည်။

"တီတီအင်ကြင်း .... သားသားက အများကြီး သတိတွေရနေတာ......"

"တီတီလဲ CoCo လေးကို အများကြီးလွမ်းနေတာ....... ကြည့်ပါအုံး တီတီတို့ CoCo လေးက မတွေ့ရတဲ့အချိန်အတွင်းမှာ ပိုပြီးချစ်ဖို့ကောင်းလာတာပဲ......"

"ဟီးဟီး....."

ဖြူလုံးနေတဲ့ ပါးလေးကို အင်ကြင်း လက်ညှိုးနဲ့ ဖွဖွလေး တို့ထိပြီး ပြောလိုက်တော့ CoCo လေးက တခစ်ခစ်ရယ်သည်။

အဖေ‌‌ရော အမေရော နှစ်‌ယောက်လုံးက အသားဖြူတာမို့ CoCo လေးကလဲ ဖွေးအုနေသည်။

အသားဖြူဖြူမှာ တီရှပ်အနီရဲရဲလေးက ဟပ်နေပြီး ရင်ဘတ်မှာလဲ မင်းစက် ဟိုတစ်ခေါက်ကိုရီးယားသွားတုန်းက ၀ယ်လာခဲ့သည့် အိတ်အသေးလေးကို လွယ်ထားသေးသည်။

CoCo က အဲ့လိုအိတ်မျိုးလေးတွေဆို အရမ်းသဘောကျတာမို့ မင်းစက်ကလဲ oversea ဘယ်ခရီးပဲ သွားသွား သူ့တူအတွက် လက်ဆောင်ကိုတော့ ရအောင်၀ယ်သည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now