💗 အပိုင်း 22 💗

5.8K 582 39
                                    

Affection

💗 အပိုင်း 22 💗

အင်ကြင်းက ဖုန်းထားခဲ့ပြီး ဘယ်ကိုသွား‌မှန်း မသိတာကြောင့် မင်းစက် တစ်ယောက်ထဲ စိတ်အလိုမကျဖြစ်စွာ မှုန်ကုတ်နေမိသည်။

နောက်တော့ ထိုင်‌စောင့်ရင်း စိတ်မရှည်တော့တာ‌ကြောင့် မင်းစက် သူ့ရှေ့မှာ ရှိနေတဲ့ ဖုန်းကိုယူကာ နားနေခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ပြီးတော့ ကုမ္ပဏီမှာ အင်ကြင်း သွားတတ်တဲ့ နေရာတွေကို စဉ်းစားကြည့်တော့ ခေါင်မိုးထပ်နဲ့ Cafe က ခေါင်းထဲပေါ်လာသည်။

ဒါပေမဲ့ အင်ကြင်းက Cafe ကို သူတို့အဖွဲ့သားတွေကြောင့်ပဲ သွားဖြစ်တာမို့ ခေါင်မိုးထပ်ကို အရင်သွားရှာရန် မင်းစက် ဆုံးဖြတ်လိုက်သည်။

လမ်းတစ်လျှောက် သူ့ကို နှုတ်ဆက်သွားကြတဲ့ ဂျူနီယာတွေကို မင်းစက် ပြန်လည်ပြုံးပြကာ ဓာတ်လှေကားရှေ့ ရောက်သည့်အချိန်မှာတော့ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

အချိန်ခဏလောက်စောင့်ဆိုင်းလို့အပြီးမှာတော့ သူ့ရှေ့မှာရှိနေသည့် ဓာတ်လှေကားတံခါးက ပွင့်သွားပြီး ဓာတ်လှေကားထဲမှာရှိနေတဲ့ လူနှစ်ယောက်ကို မင်းစက် မြင်လိုက်ရသည်။

အင်ကြင်းက Leo ဆိုတဲ့ တစ်ယောက်နဲ့ ရယ်ရယ်မောမော စကားတွေပြောနေပြီး သူ့ကို မြင်သွားတဲ့အချိန်မှာတော့ အံ့ဩသွားဟန်ရှိသည်။

မင်းစက် ဘာကြောင့်မှန်းမသိ .....တခြားတစ်ယောက်နဲ့ ပျော်နေတဲ့ အင်ကြင်းကို ကြည့်ပြီး စိတ်ထဲမှာ အင်ကြင်းက သူနဲ့ အများကြီး ဝေးသွားသလို ခံစားလိုက်ရသည်။

"ဟင် ..... မင်းစက် ဘယ်သွားမို့လဲ ..... ဒီကို အစောကြီး ရောက်နေတာလား....."

"နင်ရော ဘယ်ကပြန်လာတာလဲ....."

"ငါက ခေါင်မိုးထပ်မှာ Leo နဲ့ စကားသွားပြောတာ...... နင် ကိုကြီးကောင်းစက်ဆီ သွားမလို့လား........"

စစ‌တွေ့တဲ့အချိန်ထဲက မင်းစက်က သူ့ကို သိပ်သဘောမကျဘူးလို့ ခံစားမိတာကြောင့် Leo ဒီနေရာကနေ ရှောင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now