ငါးဆယ္(U+Z)

2.2K 128 18
                                    

Unicode

အတော်သင့်မျှကျယ်ဝန်းလှသည့် စင်္ကြန်လမ်းမှာ လူနှစ်ဦးတိုက်မိသွားတာဟာ ကံကြမ္မာရဲ့ဖန်တီးမှုတစ်ခုလို့ပဲ ခေါင်းစဉ်တပ်ရမလိုပင်။လူသူရှုပ်ထွေးနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

"ဆောရီး"

         ဂျူတီကုတ်အဖြူရောင်ကိုဝတ်ဆင်ထားတဲ့အမျိုးသမီး၏
လက်ထဲမှစာရွက်တွေသည်အဖြူရောင်ကြွေပြားချပ်တွေပေါ်၌ ပျံ့ကြဲသွားလေသည်။လူနှစ်ဦးတိုက်မိသွားခြင်းဟာ ရင်တွေကိုတုန်ယင်စေသလား...။

"တောင်းပန်ပါတယ် ရ ရရဲ့လား"

       စာရွက်တွေကို ကောက်ပေးနေတဲ့ လက်ကလေးတွေဟာ ဖြူစွတ်ပြီး သွယ်လျနေသည်ကို သူမ သတိထားမိလိုက်သော်လည်း မျက်နှာကိုမကြည့်ဖြစ်သေးဘဲ စာရွက်တွေကိုသာ ဦးစားပေးကောက်နေလေသည်။

"ရရဲ့လား ဒေါက်တာ"

           ဆရာဝန်ဖြစ်နေလို့ "ဒေါက်တာ"လို့ခေါ်ခြင်းဟာ အထူးအဆန်းမဟုတ်ပါဘဲ စိတ်ထဲတစ်မျိုးခံစားလိုက်ရသည်မို့ တစ်ချက်မော့ကြည့်လိုက်တော့ မြင်လိုက်ရသည့် မျက်နှာသည် ရှင်းလင်းပြီး အသားစိုင်လေးတွေဟာ သူ့နေရာနဲ့သူ လှပစွာတည်ရှိနေလေသည်။
ရွှေအိုရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားတဲ့
အမျိုးသမီးဟာ သူမနဲ့ယှဉ်ရင် အတော်လေးအသက်ငယ်မည့်ပုံစံဆိုတာ သိသာလွန်းနေသည်။

"ရပါတယ် တို့လည်းအလောတကြီးမို့ဝင်တိုက်မိသွားတာ ဆောရီးကွယ်"

"ရပါတယ်ဒေါက်တာရဲ့။လူနာမေးဖို့လာရင်းသျှားလည်းအလျင်လိုနေတာနဲ့ ဝင်တိုက်မိတာ။
ဒေါက်တာအဆင်ပြေရဲ့လား"

"ပြေပါတယ်"

         သူစိမ်းနှစ်ဦးအတွက်ပြောစရာစကားသည်
အထွေအထူးမရှိသည်မို့တိတ်ဆိတ်သွားလေသည်။

"တို့ကိုသွားခွင့်ပြုပါဦး"

"ဟို ဒေါက်တာ့နာမည်သိခွင့်ရှိမလားဟင်"

"မင်းနာမည်သာပြောခဲ့ပါ"

"ဟင်"

"တို့နာမည်ကိုသိဖို့က လွယ်ပါတယ်။မင်းနာမည်သာပြောခဲ့စမ်းပါ"

"ေမာင့္ၾကင္နာသူ"(Ongoing)Onde histórias criam vida. Descubra agora