Unicode
နေ့လည်ခင်းအချိန်ကတည်းက ထွက်သွားသည့်မောင်သည် ညအထိပင်ပြန်မလာသေးပေ။စောင့်နေတဲ့သူတွေရှိတယ်ဆိုတာကို မောင်အမှတ်များမရလေသလား။
မောင့်ကားသံကိုစောင့်နားထောင်နေတဲ့သူတွေရှိတယ်ဆိုတာကို မောင်သတိပဲမရလေသလား။"မေမေ မားမားကပြန်မလာသေးဘူး။ကိုးနာရီတောင်ထိုးတော့မယ်မေမေရဲ့"
"အင်း ဖုန်းကလည်းစက်ပိတ်ထားတယ်။ဘယ်တွေများသွားနေသလဲမသိပါဘူး။စိတ်ပူပြီးစောင်နေတဲ့သူတွေရှိတာကို မေ့နေသလားမသိဘူး။
မေမေပဲစောင့်လိုက်မယ်။သမီးထမင်းသွားစားတော့လေ။မိုးအတော်ချုပ်နေပြီ""ဟင့်အင်း မားမားပြန်လာမှတူတူစားမယ်။သမီးလည်းစောင့်ချင်တယ်"
စောင့်နေတဲ့သူတွေရဲ့ရင်ထဲမှာ ပူလောင်နေတာကို မောင်တကယ်ပဲမသိသလား။ခြံထဲ၌ မောင်အလာကိုစောင့်နေတဲ့ မိန်းမနှစ်ယောက်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေခိုနေတာကိုရော မောင်မသိလေသလား။
"မားမားလာပြီ"
မီးတဝင်းဝင်းနဲ့တိုးဝင်လာသည့်ကားကိုမြင်လိုက်မှသာ နုနဲ့မြူနှင်းပြုံးနိုင်တော့သည်။ကားရှိရာကို အတင်းသွားတဲ့ မြူနှင်းလေးပုံစံဟာ ဟိုးအရင်ကလေးဘဝတုန်းကအတိုင်း ဘာမှမပြောင်းလဲပေ။
"မောင်"
"မားမား"
ကားတံခါးဖွင့်ဖွင့်ချင်းရသည့်အနံ့နဲ့ပင် နုမူးလဲချင်သွားသည်။မျက်နှာကိုကြည့်တော့ နီရဲကာ မျက်လုံးတွေဟာ မှေးစင်းနေသည်။ဒီပုံစံနဲ့ကားမောင်းလာသည်တဲ့လား။နုမှာ အတွေးတွေလွန်ပြီး စိတ်ပူရပြန်သည်။
"မောင် ဘယ်တွေများသွားနေသလဲကွယ်"
"မားမား ဘယ်တွေလျှောက်သွားနေတာလဲ"
မြူနှင်းပြောနေသော်လည်း မောင့်အကြည့်တွေသည် သူ့ဆီမှာတစ်စက်ကလေးမှမရှိခဲ့ပေ။မြူနှင်းကို အမြဲတမ်းအရိပ်ရိပ်လုပ်နေသူက အခုတော့ ပြောင်းလဲသွားလေပြီ။
"မားမား"
"အန်တီ မောင်နားချင်ပြီ"
"မားမား သမီးတွဲပေးမယ်"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)