Unicode
" အမလေး လင်းခက်လေး လာပါအုန်း တီတီဆီ"
" ကလေးလေး ကလေးလေးကို ရှိန်ရှိန်ချီမယ် "
ရွှန်းလဲ့တို့ ဝိုင်းထံလာလိုက်သည်နှင့် ထုံးစံတိုင်း ထိုသားမိမှ အိမ်လင်းခက်မောင် အားစတက်လုကြလေပြီ ။
" ရှိန်ရှိန် မင်းက ကလေးမှမချီတတ်တာ မေမေ ချီမယ် မင်းဖယ် "
" ဟာ ရဘူးလို့ ... ရှိန်ရှိန်ချီမှာ မေမေဖယ် "
" မေမေ ချီမှာလို့ "
" ရှိန်ရှိန် ချီမှာပါဆို "
" မေမေချီမှာ "
" ရှိန်ရှိန်ချီမှာ "
" ဂုဏ်ရှိန်ထက် ငါစိတ်တိုလာပြီနော် ကလေးက ကလေးပြန်ချီလို့ ရမလား ငါချီမယ် "
" မေမေနော် ရှိန်ရှိန်လဲ ချိတ်တိုလာပြီ ကလေးလေးကို ရှိန်ရှိန်ပဲ ချီမယ် "
မဟော်သဓာ ပြဇာတ်ထဲကလို ငါ့ကလေး သူ့ကလေး လုနေကြပြန်သည်။ ဒီသားအမိက ကလေးသားအမိပင် ၊ဂုဏ်ရှိန်က ကလေးမို့ ဘာမှမပြောလိုပေမဲ့ ရွှန်းလဲ့ကတော့ ကလေးကို အလျော့မပေးပေ။
" ကဲ နှစ်ယောက်လုံးတော်တော့ ငါပဲချီမယ် "
" ပါးပါး "
" ကို့ "
ထက်နေသူက ကြားထဲကနေ ဆွေးမြေ့လက်ထဲက ကလေးအားဆွဲယူကာချီလိုက်တော့ သားအမိနှစ်ယောက်ထံမှ မကျေနပ်အသံတွေထွက်လာကြတော့၏။
" ဘာမှလာမပြောနဲ့ ဘယ်နှဲ့ ကလေးလုနေကြ
တယ် ရွှန်းလဲ့ကလဲနော် ကလေးအမေပဲဖြစ်နေပြီ ကလေးဆန်နေတုန်းပဲ "
" ဘာဖြစ်လဲဟာ ငါက လင်းခက်လေးကို ချစ်လို့ဟာကို "
" ဟုတ်ရယ် ရှိန်ရှိန်ကလဲ ကလေးလေးကို ချစ်ယို့"
" နင်တို့ သားဖတွေကလေ တွေ့လိုက်တိုင်း
တကျပ်ကျပ်နော် ငါနားအေးပါးအေးသောက်ပါရစေ"
ယံပိုင် ထပြောတော့မှာ ငြိမ်သွားကြတော့၏။
ဆွေးမြေ့နဲ့ ခွန်းစစ်ကတော့ ငြိမ်၍သာ ရီနေရ
သည်။
" အလုပ်တွေ အဆင်ပြေတယ်မို့လား ကိုကို "
" ပြေပါတယ် အသေးလေးရယ် "
YOU ARE READING
မှိုင်းညှို့အိမ် ( Complete)
RomanceWarning ⚠️ ပေးတာမို့ Sensitive ဖြစ်လျှင်ကျော်ဖတ်ပါရန် မေတ္တာရပ်ခံအပ်ပါတယ် Party တစ်ခုမှ ဆေးမိပြီး လူတစ်ယောက်နဲ့အိပ်ခဲ့မိတယ်။ အဲလူက ကျွန်တော့်အလုပ်ရှင်ဖြစ်နေတယ် ၊ ကံကောင်းတာတစ်ခုက သူက ကျွန်တော့်ကို မမှတ်မိဖူး ။ စိတ်မရှည်တဲ့ CEO နဲ့ ပြာယာခပ်ပြီး မဟု...
