Part - 24

25 9 1
                                    

<ငါ့လူ (၄)>

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ဝင်လာတဲ့ Bak Yerimကို တစ်စုံတစ်ယောက်ရဲ့အခန်းထဲမဝင်ခင် တံခါးခေါက်သင့်ကြောင်း ကျွန်တော်ဆုံးမမလို့လုပ်လိုက်တဲ့အခါ.....

'ဘယ်လိုတောင်ယုတ္တိမရှိလိုက်သလဲ?!'

Yerim-ieကိုမြင်လိုက်တဲ့အခါ ကျွန်တော်ဆွံ့အသွားတယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် သူမက အားကစားဝတ်စုံဝမ်းဆက်ဝတ်ထားတဲ့ သနားကမားကောင်မလေးအဖြစ်ကနေ အားကစားသမားတွေသောက်တဲ့အချိုရည်ကြော်ငြာတွေထဲက ခုန်ထွက်လာတဲ့ ဆယ်ကျော်သက်မော်ဒယ်လေးတစ်ယောက်လိုမျိုး အသွင်ပြောင်းသွားတယ်။ ပုံစံပြောင်းလဲသွားရုံတင်ဘယ်ကမလဲ သူမကအရင်ပုံစံနဲ့ လုံးဝကိုမတူတော့တာ။

သူမရဲ့မျက်နှာကို မိတ်ကပ်လိမ်းထားမှန်းမသိသာအောင် သဘာဝကျကျလေးပြင်ထားပေးသော်လည်း ဆွဲဆောင်မှုရှိနေဟန်ပေါ်နေတယ်။ သူမက လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတဲ့ ဘောင်းဘီတိုနဲ့ လက်ပြတ်T-shirtတစ်ထည်ကိုဝတ်ဆင်ထားတယ်။ သူမရဲ့ ဆံပင်တိုတို ကောက်ကောက်လေးက ယောကျ်ားမိန်းမခွဲခြားမရတဲ့ ခံစားချက်ကိုရစေပြီး ဂရိနတ်ဘုရားဒဏ္ဍာရီတွေထဲကနေခုန်ထွက်လာတဲ့ ငယ်ရွယ်တဲ့နတ်ဘုရားလေးသဖွယ်ဖြစ်နေလေတယ်။

သူတို့က ဟားမိစ်ဖိနပ်စွမ်းရည်နာမည်ကို နမူနာယူပြီး သူမကိုပြင်ပေးလိုက်တာပဲဖြစ်ရမယ်။ သူမက တကယ်ကိုပဲ အချိန်မရွေးပျံသန်းတော့မဲ့ ချောမောတဲ့လူငယ်လေးတစ်ယောက်နဲ့ တူနေတယ်လေ။ ဒီပုံစံက သူမနဲ့လိုက်ပါတယ်။ အရမ်းလဲလှတယ် ဒါပေမဲ့...

'.....ရေခဲစုန်းမက အစအနရှာမရအောင်ကို ပျောက်ကွယ်သွားပြီ'

အေးစက်ပြီးမာနကြီးတဲ့ အလှလေးပုံစံက ဘယ်နားမှာမှကို ရှာမရတော့ဘူး။ အင်း သူမကငယ်သေးတာကိုး.... အသက်ကြီးလာရင်တော့ ပြောင်းလဲသွားလောက်မှာပါ။ သူမရဲ့ပြောင်းလဲမှုက ကျွန်တော်နဲ့ဘာမှမဆိုင်ပေမဲ့ ကျွန်တော်သိထားတဲ့အနာဂတ်က ပြောင်းလဲသွားတာကိုမြင်ရတာ နည်းနည်းတော့ ထူးဆန်းတယ်လို့ခံစားနေရတယ်။

"ဘယ်သူ....."

ရုတ်တရက်ပေါ်လာတဲ့Yerim-ieကိုမြင်တော့ Myeongwooကမေးလိုက်တယ်။ ပြုံးနေတဲ့Yerim-ieရဲ့မျက်နှာက ချက်ချင်းဆိုသလိုပဲ တင်းမာသွားတယ်။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now