Part - 13

47 13 2
                                    

<ဒုတိယမြောက် Sအဆင့် (၂)>

-ရှဲ

လှပတဲ့အစင်းကြောင်းလေးတွေပါတဲ့ အမဲဂုတ်ပိုးသားကို အကင်ပြားပေါ်တင်လိုက်တဲ့အခါ စားချင်စဖွယ်အသံလေးထွက်လာခဲ့တယ်။ အမဲဂုတ်ပိုးသားရဲ့ဘေးမှာ ကိုရီးယားအမဲအူGopchangဖောင်းဖောင်းလေးတွေက အဆီတွေအပြည့်နဲ့ တရှဲရှဲမြည်နေတယ်။

ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ရတာ တကယ်ကောင်းတာပဲ။

အကင်ကို ဆိုဂျူဒါမှမဟုတ်ဘီယာလေးတစ်ခွက်လောက်နဲ့ သောက်လို့ရရင် ပိုပြီးပြီးပြည့်စုံသွားမှာဆိုပေမဲ့ ခုလိုအခြေအနေမျိုးမှာ အရက်သောက်ဖို့က အဆင်မပြေဘူးလေ။

"သောက်ချင်ရင်သောက်လို့ရပါတယ်"

"...ဟင်?"

"Ahjussiကိုကြည့်ရတာ အရမ်းသောက်ချင်နေတဲ့ပုံမလို့။ ကျွန်မလဲ အရက်မူးတဲ့သူတွေကိုမြင်နေရတာ နေသားကျနေပြီမို့ အဲ့အတွက်စိတ်ပူစရာမလိုပါဘူး"

.....ငါကပဲတအားသောက်ချင်နေတဲ့ပုံစံဖြစ်နေတာလား သူမကပဲစိတ်ဖတ်တတ်နေတာလား?

"စာချုပ်အကြောင်းဆွေးနွေးနေတဲ့အချိန် သောက်လို့မဖြစ်ဘူး။ ပြီးတော့ ကျွန်တော့်ရှေ့ကလူက လျှော့တွက်လို့ရတဲ့လူမဟုတ်ဘူးလေ။ ကျွန်တော်မူးသွားရင် မင်းကကျွန်တော့်ဆီမှာရှိသမျှအားလုံးကို ဓားပြတိုက်သွားမှာပေါ့"

"ကျွန်မကအထင်ကြီးစရာကောင်းတယ်ဆိုတာထက် Ahjussiကိုက သဘောကောင်းလွန်းနေလို့မဟုတ်ဘူးလား"

Bak Yerimက စိတ်ချမ်းသာနေတဲ့ပုံစံနဲ့ပြုံးလိုက်တယ်။ စောစောက သူမရဲ့စိတ်ဆိုးသုန်မှုန်နေတဲ့အမူအယာကလဲ လုံးဝပျောက်ကွယ်သွားလေပြီ။

စကားပြောရတာသက်သောင့်သက်သာဖြစ်အောင်ရယ် အနားမှာတခြားသူတွေရှိမနေအောင်ရယ်အတွက်စဉ်းစားပြီးတော့ သီးသန့်အခန်းတစ်ခန်းကို ရွေးခဲ့တယ်။ အချိန်ကလည်းစောသေးတော့ ဆိုင်ထဲမှာလဲ စားသုံးသူတွေအများကြီး ရှိမနေဘူး။

Kim Sunghanကတော့ ကျွန်တော်တို့နဲ့အတူစားဖို့ကို ငြင်းဆန်တယ်လေ။ သူကစားသောက်ဆိုင်အတွင်းကို စစ်ဆေးပြီးတော့ အပြင်မှာစောင့်နေမယ်ဆိုပြီး ထွက်သွားတယ်။ ဒီတိုင်းဆိုရင်တော့ အဲ့လူကို Sအဆင့်ဖြစ်အောင်လုပ်ပေးဖို့ကို ကျွန်တော်လက်လျှော့ရတော့မယ်ထင်တယ်။ ကျွန်တော်တို့က ဘယ်လိုမှကို ရင်းနှီးမလာဘူး။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now