Part - 21

39 9 1
                                    

<ငါ့လူ (၁)>

'အဲ့တာကသေချာပေါက်ကို ယောကျာ်းအသံပဲ'

ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ခက်ထန်တဲ့အသံလဲဖြစ်နေသေးတယ်။ ကျွန်တော်လှဲနေရာကနေ ဆတ်ခနထထိုင်လိုက်မိတယ်။

'အရင်နေ့ကသူဘာပြောခဲ့တာပါလိမ့်...သာမန်တက္ကသိုလ်လေးတစ်ခုကနေ ဘွဲ့ရပြီးနောက်မှာ အကြွေးတွေတင်နေခဲ့ပြီ အဲ့လိုမျိုးပြောခဲ့တာထင်တယ်'

အဲ့တော့ ကျောင်းသားချေးငွေအကြောင်းပြောနေတာ မဟုတ်လောက်ဘူး။ ပြီးတော့ ခုနကဖုန်းကိုင်တဲ့သူနဲ့ Myeongwooရဲ့သေကြောင်းကြံစည်မှု......ကျွန်တော့်ရဲ့စိတ်ထဲမှာ ဖြစ်နိုင်ချေရှိတဲ့ ထင်မြင်ချက်တစ်ခုပေါ်လာတယ်။

သူငွေတိုးချေးတဲ့သူဆီကနေ ချေးငွေယူခဲ့တာပဲဖြစ်ရမယ်။

လခွမ်း အရင်ဘဝက ကမ္ဘာပေါ်မှာ SSအဆင့်သွန်းလုပ်တဲ့စွမ်းရည်ပိုင်ရှင်ပေါ်မလာခဲ့တဲ့ အကြောင်းရင်းက Myeongwooသေသွားခဲ့တာကြောင့်လား? သူသာချေးငွေတွေအများကြီးယူထားပြီး ပြန်မဆပ်နိုင်ခဲ့ရင်တောင် လူသတ်တဲ့အထိလုပ်ဖို့ကတော့ မလွယ်ဘူး။ နည်းနည်းလောက် ရိုက်နှက်ပညာပေးရုံနဲ့တင် ပြီးသွားလောက်တယ်။

ရိုက်နေတုန်း သေသွားနိုင်တာ ဒါမှမဟုတ် ဒုက္ခိတဘဝရောက်သွားတဲ့ ကံမကောင်းတဲ့မတော်တဆမှုဖြစ်နိုင်ချေလဲ ရှိသေးတာပဲ။

'....သေစမ်း'

ကျွန်တော် ထိတ်ထိတ်ပြာပြာနဲ့ Myeongwooကိုဖုန်းခေါ်―မဟုတ်ဘူး နာမည်ဘာမှန်းတောင်မသိတဲ့အဲ့လူကို ဖုန်းခေါ်လိုက်တယ်။

"ဖုန်းကိုင်စမ်းပါ ခွေးကောင်ရ!"

တကယ်လို့မင်းတို့လိုချင်တာ ပိုက်ဆံဆိုရင် ငါကသူ့ကိုယ်စားပြန်ဆပ်ပေးမှာမို့လို့ ဖုန်းကိုင်ပါတော့! သူဘယ်လောက်အဖိုးတန်လဲဆိုတာ မင်းတို့မသိဘူးနော်! သို့ပေမဲ့ ဖုန်းရဲ့ဟိုဖက်တစ်ခြမ်းကလူတွေကတော့ မကိုင်ခဲ့ပါဘူး။

"သေစမ်း ငါဘာလုပ်ရမလဲ?"

သူဘယ်မှာလဲဆိုတာတောင်ကျွန်တော်မသိတာ ဘယ်ကနေဘယ်လိုသွားရှာရမလဲ? ထိုတဒင်္ဂလေးမှာ ကျွန်တော်တစ်ခုတွေးမိသွားတယ်...အဲ့လောက်ထိလုပ်ဖို့လိုရဲ့လား?

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now