<လူ့စွမ်းအားအရင်းအမြစ်ဌာန၏ခေါင်းဆောင် (၃)>
"စိတ်မကောင်းပါဘူး ဒါပေမဲ့ ကျွန်တော်အခုလက်ရှိပုံစံနဲ့လဲ အဆင်ပြေပါတယ်"
ကျောက်တုံးပေါ်မှာကပ်နေတဲ့အိမ်မြှောင်လိုမျိုး တိတ်တိတ်လေးနဲ့ မလှုပ်မယှက်နေဖို့ ဆုံးဖြတ်ထားပြီးသား။
....ကျွန်တော်လက်ရှိလုပ်နေတဲ့ အစီအစဉ်တွေအရဆိုရင် အရင်ကတွေးထားသလို အားအားယားယား နေနိုင်မှာမဟုတ်လောက်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာရှိနေတဲ့အဖိုးတန်စွမ်းရည်လေးတွေကို ဖုန်တင်အောင်ပစ်ထားလိုက်ဖို့ကျပြန်တော့လဲ နှမြောစရာကောင်းလွန်းတယ်လေ။ အဲ့တော့ ကျွန်တော်က လူလုံးမထွက်ပြဘဲနဲ့ တတ်နိုင်သလောက် အေးအေးချမ်းချမ်းနေနိုင်အောင်ကြိုးစားမယ်။
"ကျေးဇူးပြုပြီိး ပြန်စဉ်းစားပေးပါအုန်း"
Seok Simyeongက လက်မလျော့ဘဲနဲ့ ဆက်ပြောတယ်။
"မကြာခင်မှာပဲ လူတိုင်းက လွယ်လွယ်ကူကူနဲ့စွမ်းရည်နိုးထလာနိုင်တော့မယ်။ Hunterအစည်းအရုံးက တစ်နှစ်အတွင်းမှာ နိုင်ငံအတွင်းစွမ်းရည်နိုးထသူအရေအတွက်က လူအယောက်သိန်း၅၀ကျော်သွားမယ်လို့ခန့်မှန်းထားတယ်။ပြီးတော့ သုံးနှစ်အတွင်းမှာ လူဦးရေစုစုပေါင်းရဲ့ ၃ပုံ၂ပုံကျော်ကျော်လောက်က စွမ်းရည်နိုးထပြီးသားလူတွေဖြစ်လာမယ်တဲ့။ အဲ့လိုခေတ်ကြီးရောက်မလာခင် အခုအချိန်ရှိတုန်းမှာ ခင်ဗျားရဲ့အစွမ်းတွေထုတ်မသုံးရင် နောင်တရစရာမဖြစ်သွားဘူးလား Han Yoojin-ssi?"
ရူးနေလို့ နောင်တရရမှာလား။ သူပြောနေတဲ့ပုံစံက ကျွန်တော်က အင်မတန်ရှားတဲ့ တစ်မိုးအောက်တစ်ယောက်လိုလိုဘာလိုလိုနဲ့။
"ကျွန်တော့်ကို အဲ့လောက်ထိအထင်ကြီးပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမဲ့ Bak Yerim-yangရဲ့ကိစ္စက တကယ်ကို တိုက်ဆိုင်မှုတစ်ခုပါ။ ကျွန်တော်အဲ့လိုကံကောင်းမှုမျိုးနဲ့ ထပ်ဆုံဖို့ဆိုတာက လုံးဝကိုမဖြစ်နိုင်သလောက်နီးပါးပါပဲ"
အဲ့လိုပြောလိုက်ပေမဲ့ ကျွန်တော်သာတကယ်ဆန္ဒရှိရင် Sအဆင့်ဖြစ်လာနိုင်တဲ့အရည်အချင်းရှိတဲ့လူတွေကိုထပ်ရှာပြီး အကောင်းဆုံးအခြေအနေနဲ့နိုးထအောင်လုပ်ပေးနိုင်တယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........