<ငါ့လူ (၂)>
ဗြိ.......စာချုပ်ကနှစ်ပိုင်းပြဲသွားတာနဲ့ ထိုလူတွေရဲ့မျက်လုံးတွေပြူးကျယ်သွားကုန်တယ်။
"ဘာလဲဟ-?!"
"ဒီသောက်ရူးကတော့?!"
F3က စာချုပ်ကိုလုယူဖို့ ကျွန်တော့်ဆီပစ်ဝင်လာခဲ့တယ်။ ကျွန်တော့်အနေနဲ့ဒီလိုပြောခွင့်မရှိပေမဲ့.....မင်းလိုFအဆင့်လေးက ဘာလုပ်လို့ရမယ်ထင်နေတာလဲ? ကျွန်တော်ဘေးကိုရွေ့လိုက်ရင်း အဲ့လူရဲ့လက်ကိုအသာလေးရှောင်လိုက်တယ်။ ပြီးတော့ ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်တော့ F3ကကျွန်တော့်ခြေထောက်နဲ့ ခလုတ်တိုက်မိပြီး ရှေ့ကိုဟပ်ထိုးလဲသွားလေရဲ့။
အဲ့ကောင်ရဲ့ကိုယ်က ရှေ့ကိုငိုက်သွားတာနဲ့ ကျွန်တော်သူ့ခေါင်းအနောက်ပိုင်းကို လှမ်းဆွဲလိုက်တယ်။ ပြီးတော့ နည်းနည်းဆွဲလှည့်လိုက်ပြီး....
ခွပ်!
စားပွဲနဲ့ကိုင်ဆောင့်ပေးလိုက်တယ်။ ဝါးးး ဒီဖန်စားပွဲက တော်တော်ခိုင်တာပဲ။
"Yoo- Yoojin-ah!"
အလန့်တကြားဖြစ်သွားတဲ့ Yoo Myeongwooက ထိုင်နေရာကနေ ဒယိမ်းဒယိုင်ထရပ်လိုက်တဲ့အခါ Dကလဲ ကြောက်စရာကောင်းတဲ့အမူအယာနဲ့ ဆိုဖာကိုကန်လိုက်တယ်။
"ဒီသောက်ကောင်ကတော့! အဲ့တော့မင်းကFအဆင့်မဟုတ်ဘူးပေါ့လေ! ပုံစံကြည့်ရတာLevel-1လောက်ပဲဆိုတော့ Eအဆင့်လား? ငလူးပဲ...ငါမင်းရဲ့လက်ချောင်းကိုဖြတ်ပြီးတော့ အဲ့တာနဲ့လက်ဗွေနှိပ်ခိုင်းမယ်!"
Dရဲ့ပါးစပ်ကနေ ရက်စက်ကြမ်းကြုတ်တဲ့စကားတွေထွက်လာခဲ့တယ်။ ပစ္စည်းကိရိယာတွေရဲ့ကျေးဇူးနဲ့ ကျွန်တော်ကသူ့ထက်သန်မာနေလို့တော်ပါသေးရဲ့။ ဒါပေမဲ့ ကျွန်တော်ကအလောင်းရှင်းရတာမျိုးလုပ်ဖို့ ပျင်းလွန်းနေတယ်လေ။ အဲ့တော့ အင်အားနည်းနည်းလျော့သုံးကြတာပေါ့။
ကျွန်တော်မတ်တပ်ရပ်လိုက်ပြီးတော့ Yoo Myeongwooကိုကျွန်တော့်နောက်ပို့ပြီး ကာကွယ်ထားလိုက်တယ်။ ထို့နောက် ဖုန်းကိုထုတ်လိုက်တဲ့အခါ Dနဲ့တခြားခွေးကောင်တွေက ကျွန်တော့်ကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်ကြတယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........