Part - 2

42 8 0
                                    

<အတိတ်ကိုပြန်သွားခြင်း (၂)>

ဓားမြှောင်ရဲ့ထိပ်နဲ့ ကျွန်တော့ရဲ့လက်ဖျံကို ဒေါင်လိုက်လှီးချလိုက်တယ်။ ဒဏ်ရာကနေ သွေးတွေထွက်လာပြီးတော့ သွေးနီရောင်လှံတစ်ချောင်းဖြစ်လာကာ တလျှံလျှံတောက်လောင်နေတဲ့ အနက်ရောင်မီိးတောက်တွေက လှံရဲ့ထိပ်ဖျားကနေပြီးတော့ အရိုးတံအထိ ရစ်ပတ်ထားလေသည်။

-ဂါးးးးးးးးး

စောစောကအထိ ကျွန်တော့်ကိုအထင်သေးပြီး လျစ်လျူရှုထားတဲ့ Lauchitasက သူ့ရဲ့ခေါင်းသုံးလုံးစလုံးကိုထောင်ပြီး ကြည့်လာတယ်။ သူ့ရဲ့မျက်လုံးကန်းသွားအောင်လုပ်ခဲ့တဲ့ လှံကိုမြင်တဲ့အခါမှာ သူ့ရဲ့လည်ဆံမွေးတွေထောင်ပြီး သတိအနေအထားဖြစ်သွားတယ်။ သူ့ပါးစပ်ကိုဖြဲလိုက်တော့ မြင်လိုက်ရသည်မှာ လွှသွားပုံစံသွားများ အတန်းလိုက်အစီလိုက်။

အခုကျွန်တော်ဟာ အရင်ကကျွန်တော်ဖြစ်နေမယ်ဆိုရင် ထိုအကောင်ကြီးရဲ့ဖိအားကိုမခံနိုင်လို့ သူနဲ့မျက်လုံးချင်းမဆိုင်ခင်မှာပဲ မေ့လဲနေလောက်ပြီ။ ဒါပေမဲ့ အခုကတော့ သူ့ရဲ့ဖိအားနည်းနည်းလေးကိုတောင်မှမခံစားရဘူး။

ကျွန်တော်သေချာပြောနိုင်တာကတော့ အဲ့ကောင်ကကျွန်တော့်ထက် အားနည်းတယ်ဆိုတာပဲ။

"လာစမ်းပါ သေချင်းဆိုးဖွတ်ကောင်"

-ဂါးးးးးးး

ပြန်ဖြေတဲ့အနေနဲ့ အော်မြည်သံပေးလာခဲ့တယ်။ အားပါလှတဲ့အော်သံကြောင့် နယ်မြေတစ်ခုလုံးတုန်ခါလာပြီးတော့ ခေါင်းသုံးလုံးနဂါးရဲ့ကိုယ်ဟာလဲ မြေပြင်ကနေထလာခဲ့တယ်။ သူ့မှာအတောင်ပံမပါပေမဲ့ ကျားသစ်ကိုယ်လိုမျိုး တစ်ကိုယ်လုံးချောမွေ့တောက်ပြောင်နေပြီးတော့ စက်ဆုပ်စရာကောင်းတဲ့ကျိန်စာတွေနဲ့လွှမ်းခြုံထားတယ်။ သူ့ရဲ့ရှည်လျားတဲ့အမြီးမှာလဲ အစက်အပြောက်တွေ အရစ်လိုက်နဲ့ ဆူးချွန်အပြည့်ရှိနေတယ်။

ဒုန်း!

သူ့ရဲ့ခြေလေးချောင်းကမြေပြင်ကိုကုပ်ယူလိုက်တော့ သေမင်းရဲ့တံစဉ်နဲ့သဏ္ဌာန်တူတဲ့ ချွန်မြနေတဲ့ခြေသည်းတွေက မြေပြင်ပေါ်မှာ ခြစ်ရာအရှည်ကြီးကိုချန်ရစ်ခဲ့တယ်။ ခန္ဓာကိုယ်ကကြီးပေမဲ့ ထင်မထားလောက်တဲ့အမြန်နှုန်းကိုပိုင်ဆိုင်ထားတာပဲ။ တစ်ခါတည်းရွေ့လိုက်ရုံနဲ့ သူနဲ့ကျွန်တော့်ကြားက အကွာအဝေးကိုတစ်ဝက်ကျော်ကျော်လောက် ချုံ့ပြီးသားဖြစ်သွားတယ်။ အရင်ကကျွန်တော်သာဆိုရင်တော့ လိုက်မှီမှာမဟုတ်တဲ့ အမြန်နှုန်းပဲ။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now