Part - 15 <ပုစွန်ဆိတ်လေးတစ်ကောင်လို (၂)>

107 28 2
                                    

<ပုစွန်ဆိတ်လေးတစ်ကောင်လို (၂)>

"ယယ်ရင်မ်?? ဟယ်ယွန်းဂိုဏ်းထဲဝင်မယ်လို့ သဘောတူထားတာလေ?"

"စာချုပ်ကညှိနှိုင်းလို့ရတယ် ချွင်းချက်မရှိလိုက်နာရတာမျိုး မဟုတ်ဘူးဆို? အာဂျီးရှီးကိုယ်တိုင်ပြန်ပြင်ရေးထားတာလေ"

အော် ငါတကယ်အဲ့လိုလုပ်ခဲ့တာပဲ။ ယယ်ရင်မ်က အသံကိုမြင့်လိုက်ပြီးပြောတယ်။

"ဟယ်ယွန်းဂိုဏ်းနဲ့ ချုပ်ရမဲ့စာချုပ်မှာ အာဂျီးရှီးကိုကျွန်မရဲ့အုပ်ထိန်းသူဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ထည့်သွင်းချင်တယ်။ Aအဆင့်တွေတောင်မှ ထပ်လောင်းတောင်းဆိုချက်တွေ ထည့်ခွင့်ရှိကြတာကို ကျွန်မTVမှာမြင်ဖူးတယ်။ သူတို့တော်တော်များများကတော့ ပစ္စည်းကိရိယာတွေတောင်းဆိုကြတာဆိုပေမဲ့ လူနဲ့ပတ်သက်တာ ထည့်ခွင့်မရှိဘူးလို့တော့ မပြောထားဘူးမလား?"

မှန်တာပေါ့, ဒါပေမဲ့ဘာလို့ကျွန်တော်လဲ....??? သူမနဲ့ကျွန်တော်နဲ့ တွေ့တာ တစ်ရက်တောင်မရှိသေးဘူးဆိုတာ သတိရောရသေးရဲ့လား? ဒီလောက်ထိ ဇွတ်တရွတ်လုပ်စရာမလိုဘူးလေ။ မဟုတ်မှလွဲရော ဒါကလဲ စွမ်းရည်နိုးထပေးလိုက်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးများလား?

"ဟုတ်ပါပြီ....အရင်ဆုံး စိတ်လေးနည်းနည်းလျှော့ပါအုန်း။ မင်းမှာ မင်းရဲ့အုပ်ထိန်းသူကိုရွေးချယ်ပိုင်ခွင့်ရှိပြီးသားမို့  အဲ့အချက်ကို စာချုပ်ထဲမှာထည့်ရေးစရာမလိုပါဘူး"

ကျွန်တော့်စကားကိုကြားမှပဲ ယယ်ရင်မ်က အလွန်အမင်းစိတ်သက်သာရာရသွားတဲ့အမူအယာဖြစ်သွားတယ်။

"တကယ်လား? အဲ့တာဆို ကျွန်မကဟယ်ယွန်းဂိုဏ်းခေါင်းဆောင်ပြောတာကိိုနားထောင်စရာမလိုတော့ဘူးမလား?"

"ဒါပေါ့ ငါလက်ခံသရွေ့-"

"Hyung"

.....ကဲ အခုတစ်ခေါက်ကျ မင်းအလှည့်ပေါ့ ဟမ်? စောစောကဘာလို့ ဝင်မပြောတာလဲလို့ တွေးနေတာ။

"Hyungသေချာစဉ်းစားပါအုန်း။ ကျွန်တော်တို့ပြောနေတာ တခြားအဆင့်မဟုတ်ဘဲ Sအဆင့်တစ်ယောက်နော်။ ကျွန်တော်လဲကြုံတွေ့ခဲ့ဖူးလို့ ဒါကိုကောင်းကောင်းကြီးသိတယ်။ ငယ်ငယ်ရွယ်ရွယ်Sအဆင့်တစ်ယောက်ပေါ်လာပြီဆိုရင် ဒုက္ခပေးမဲ့သူတွေအမျိုးမျိုးအနားကပ်လာကြမှာပဲ။ မစ္စဘတ်ယယ်ရင်မ်က ၁၅နှစ်ပဲရှိသေးတာဆိုတော့ ပိုဆိုးတယ်"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now