Part - 4

79 18 0
                                    


<ငါ့ညီလေးကထူးဆန်းနေတယ် (၂)>

ငါအတိတ်ကိုပြန်ရောက်နေပြီလေ။ အဲ့တာဆိုရင် အရှေ့ဘဝကဖြစ်ခဲ့သမျှက အခုဘဝနဲ့မဆိုင်တော့ဘူးမဟုတ်ဘူးလား?

'ငါအချိန်နောက်ပြန်မသွားခင်ကဖြစ်ခဲ့တဲ့အရာတွေက ခုထိအကျိုးသက်ရောက်မှုရှိနေသေးတယ်လို့ ဆိုလိုတာလား'

ပြုစုစောင့်ရှောက်သူဂုဏ်ပုဒ်ပြောင်းလဲသွားတာကလဲ အဲ့တာကြောင့်ပဲလား။

တခြားသောစွမ်းရည်တွေကို မစစ်ဆေးခင် သူ့ရဲ့ခွန်အားအခြေအနေပြဇယားကိုတစ်ချက်ကြည့်လိုက်တယ်။

[Level-1
သက်လုံ : 6
သန်မာမှု : 4
လျင်မြန်မှု : 5
စိတ်ခွန်အား : 4
မှော်စွမ်းအား : 2

အင်း ဘာမှမပြောင်းလဲသွားပါဘူး။ Fအဆင့်ရဲ့ခွန်အားအခြေအနေကတော့ သက်လုံကလွဲရင် ကျန်တာအကုန် 5အောက်မှာပဲရှိတယ်။

စွမ်းရည်နိုးထသူရဲ့အဆင့်ကို သူ့ရဲ့ပျမ်းမျှခွန်အားကိုတွက်ပြီးတော့ သတ်မှတ်တာဖြစ်တယ်။ မှော်စွမ်းအားကတော့ အဆင့်တိုးအောင်လုပ်ဖို့ အင်မတန်ခက်ခဲတာဖြစ်လို့ သူ့ကိုပျမ်းမျှတွက်တဲ့အထဲထည့်မတွက်ပါဘူး။
ခွန်အားအခြေအနေတွေက ကြီးထွားလာတာနဲ့အမျှ မြှင့်တက်လာနိုင်တယ်ဆိုသော်ငြား ပုံမှန်အားဖြင့် အဆင့်တစ်ဆင့် နှစ်ဆင့်လောက်ပဲ မြှင့်တင်လို့ရတာဖြစ်တယ်။ ကြောင်တစ်ကောင်က ဘယ်တော့မှကျားမဖြစ်လာနိုင်ဘူးလေ။

[စွမ်းရည်များ

စိတ်ခွန်အား (Eအဆင့်) : ပစ်မှတ်၏ စိတ်ဓာတ်ခွန်အားကို ငါးရာခိုင်နှုန်း မြှင့်တင်ပေးသည်။(ချက်ချင်းအကျိုးသက်ရောက်မှုရှိ။ တခြားသော ဆင်တူရိုးမှား သို့မဟုတ် ထပ်တူညီသော စွမ်းရည်များနှင့် တစ်ပြိုင်တည်းအသုံးပြု၍မရပါ။)
ကြာချိန်- ၃၀မိနစ်

လျင်မြန်မှု (Eအဆင့်) : ပစ်မှတ်၏ လျင်မြန်မှုနှုန်းကို ငါးရာခိုင်နှုန်း မြှင့်တင်ပေးသည်။ (ချက်ချင်းအကျိုးသက်ရောက်မှုရှိ။ တခြားသော ဆင်တူရိုးမှား သို့မဟုတ် ထပ်တူညီသော စွမ်းရည်များနှင့် တစ်ပြိုင်တည်းအသုံးပြု၍မရပါ။)
ကြာချိန်- ၃၀မိနစ်]

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now