Part - 11 <မီးလျှံဦးချိုခြင်္သေ့ (၂)>

98 19 0
                                    

<မီးလျှံဦးချိုခြင်္သေ့ (၂)>

"မှော်ကျောက်တုံးတွေစားတာလား? အဲ့ကြောင်ပေါက်လေးကလေ?"

"အတိအကျဆိုရင်တော့ ကြိတ်ထားတဲ့မှော်ကျောက်တုံးအမှုန့်နဲ့အသား ရောထားတာကိုစားတာ။ သူကအသားချည်းပဲဆို ထိတောင်မထိဘူး"

ဒီကြောင်လေးရဲ့ပါးစပ်က တော်တော်အကောင်းကြိုက်တတ်တာပဲ။ တစ်ရက်ကို မှော်ကျောက်တုံးတစ်တုံးစားရင် ၁လဆို 300မီလီယံကုန်ပြီးတော့ တစ်နှစ်ဆိုရင် 3.66ဘီလီယံတောင် ကုန်တယ်။

ဒါတောင် အဲ့တာကတစ်နပ်စာအတွက်လို့ပြောခဲ့တာ။ သူသာတစ်ရက်ကို ၃နပ်စားမယ်ဆိုရင် တစ်နှစ်ကို 10ဘီလီယံကျော်တောင်ကုန်မှာပေါ့။

"...ကြောင်စာအတွက် ငါ့ကိုပိုက်ဆံနည်းနည်းလောက်ချေးပေးလို့ရလား?"

အရွယ်ရောက်တဲ့အထိဆိုရင် နောက်ထပ် အနည်းဆုံးနှစ်ဝက်လောက်တော့ ကြာအုန်းမှာပဲ။ ကျွန်တော့်မှာကလဲ ဘီလီယံနဲ့ချီပြီး စုဆောင်းထားတာမျိုး မရှိဘူးလေ။ ဒါပေမဲ့အရွယ်ရောက်ပြီးသွားရင်တော့ ဘီလီယံကို ရာနဲ့ချီပြီးပေးရင်တောင် ဝယ်လို့မရတဲ့ ဂီဆွန်းဆူတစ်ကောင်ဖြစ်လာမှာပဲ။ အဲ့တာကြောင့် ငါ့အတွက် ရင်းနှီးမြှုပ်နှံမှုလေးနည်းနည်းလောက်လုပ်ပေးပါကွာ။

ကျွန်တော်ပြောတာကြားတော့ ယူဟျွန်းကပြုံးတယ်။

"အိုကေလေ။ စိတ်မပူပါနဲ့ အဲ့လောက်ပမာဏက ကျွန်တော့်အတွက်ဘာမှမဟုတ်ဘူး"

တစ်နပ်ကို10မီလီယံက ဘာမှမဟုတ်ဘူး? Sအဆင့်စွမ်းရည်နိုးထသူကြီးရေ ငါမင်းကိုမနာလိုလိုက်တာ။

ကျွန်တော့်မှာ Lအဆင့်စွမ်းရည်ငါးခု ရှိပေမဲ့ အကုန်လုံးက အထောက်အပံ့စွမ်းရည်တွေချည်းပဲ။ အဲ့တော့ Sအဆင့်Dungeonဖြစ်တဲ့ စိန်တွင်းတွေကိုသွားဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူး။ နဂါးနှိမ်နင်းသူဆိုတဲ့ နာမည်မျိုးက တိုက်ခိုက်မှုနဲ့ခုခံမှုအတွဲလိုက်လေးပါတဲ့စွမ်းရည်တွေကို ပေးရမှာမဟုတ်ဘူးလား? ဥပမာ နဂါးအာငွေ့တို့ နဂါးကြေးခွံတို့။

ငါကိုကကံဆိုးလွန်းနေတာထင်ပါတယ်။

"ပိုင်ရှင်တုံကင်ပြားရှိရင် ယဉ်ပါးပြီးသားမွန်းစတားတွေကို ကိုင်တွယ်လို့ရတယ်။ ဒါပေမဲ့ ပိုင်ရှင်ပြောင်းသွားတဲ့အခါ သူတို့ကစိတ်ရှုပ်ထွေးသွားပြီးတော့ ပုန်ကန်တတ်ကြတယ်။ ဒါကြောင့် ဂရုစိုက်နော်။ ပိုင်ရှင်ရဲ့အဆင့်ကနိမ့်နေရင် ပိုဆိုးတတ်တယ်"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now