<မီးလျှံဦးချိုခြင်္သေ့ (၁)>
အနာဂတ်ရဲ့ SSအဆင့်စွမ်းရည်ပိုင်ရှင် Yoo Myeongwooနဲ့ ဖုန်းနံပါတ်ချင်း လဲလှယ်ပြီးသွားတဲ့နောက်မှာ နှစ်ယောက်သားလမ်းခွဲခဲ့ကြတယ်။ သူ့ကိုHaeyeonဂိုဏ်းထဲသွင်းနိုင်ဖို့က နောက်ထပ်ပြဿနာတစ်ခုပဲ။ Yoo Myeongwooဆီကနေ အံ့အားသင့်စရာ တစ်ခုခုခံစားရတယ်လို့ပြောပြီး Yoohyunကိုစည်းရုံးကြည့်ရမလား?
ကျွန်တော်တို့Haeyeonဂိုဏ်းကို ပြန်ရောက်တဲ့အခါ ကောလဟာလတွေက ပျံ့ပြီးနေပြီ။ ဘာလို့အဲ့လိုပြောရတာလဲဆိုတော့ လူတွေက ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြလို့လေ။
"အဲ့တစ်ယောက်က ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုလား?"
"ဒါငါသူ့ကိုပထမဆုံးမြင်ဖူးတာပဲ! သူတို့နှစ်ယောက်က ရုပ်လဲမတူဘူး"
"တစ်ဆိတ်လောက်, ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုကြီး! အစ်ကိုကတကယ်Fအဆင့်လား?"
သူတို့မှာတကယ်ကို ပြောစရာတွေများတာပဲ။ ဒီလူအုပ်ကြီးက ကျွန်တော့်ကိုကြည့်ဖို့ရောက်လာတာထင်တယ်။ ဒါပေမဲ့ အခုကရုံးပိတ်ရက်လေ မင်းတို့အားလုံး ဘာလို့အိမ်ပြန်ပြီး စောစောအနားမယူကြတာလဲ။
"အမှန်ပဲ ကျွန်တော်က Fအဆင့်တစ်ယောက်ပါ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလမ်းဖယ်ပေးပါအုန်း"
ရှူး ရှူး ဝေးဝေးသွားကြစမ်းပါ လူတွေရယ်။ တာဝန်ကျနေတဲ့လူတွေကလွဲရင် ကျန်တဲ့လူတွေ အကုန်အိမ်ပြန်ကြပါ။
ဒီဘဝမှာ ခုချိန်ထိ ကျွန်တော်က ပြဿနာကြီးကြီးမားမားမရှာရသေးလို့ထင်တယ် လူသတ်ချင်တဲ့အကြည့်စူးစူးတွေ ကျိန်ဆဲသံတွေတော့ မကြုံတွေ့လိုက်ရဘူး။
အခုကစပြီး နောက်ထပ်နှစ်ဝက်အကြာ, စွမ်းရည်နိုးထပေးတဲ့ဌာနချုပ်ပေါ်လာပြီးတော့ ကျွန်တော်စွမ်းရည်နိုးထခဲ့တဲ့အချိန်မှာ ကျွန်တော်က အမှိုက်ကောင်ဆိုပြီး စပြီးအခေါ်ခံခဲ့ရတာလေ။
စွမ်းရည်နိုးထပေးတဲ့ဌာနချုပ်ဖွင့်တော့မယ်ဆိုတဲ့ ကြေငြာချက်ထုတ်ပြီးမကြာခင်မှာပဲ ကျွန်တော့်ကို လူတော်တော်များများ လာဆက်သွယ်ကြတယ်။ Sအဆင့်ညီလေးရဲ့အစ်ကိုမို့လို့ ကျွန်တော့်အပေါ်မှာ သူတို့က မျှော်လင့်ချက်ကြီးကြီးမားမားထားထားကြောင်း ပြီးတော့ သူတို့ရဲ့ကျောထောက်နောက်ခံနှင့်သာဆိုရင် ဌာနချုပ်ဖွင့်တဲ့ပထမဆုံးနေ့မှာပဲ ကျွန်တော်က ခေါင်းမော့ရင်ကော့ဝင်သွားပြီး စွမ်းရည်နိုးထနိုင်ကြောင်း ချော့ပြီးပြောကြသည်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........