<Hunter အစည်းအရုံး (၂)>
Gift cardထဲမှာပါတဲ့ ငွေပမာဏက တစ်ဘီလီယံတောင်! ဝါး...ငါပိုက်ဆံလိုတယ်လို့ပြောလိုက်တာနဲ့ သူကငါ့ကိုတစ်ဘီလီယံတောင် ပစ်ပေးလိုက်တာပေါ့။ အဲ့လိုလုပ်လို့ရောရရဲ့လား? ကဒ်အတွက်အခွန်တွေဘာတွေရောဆောင်စရာမလိုဘူးလား? ဒါမှမဟုတ် Sအဆင့်တွေက အခွန်ကင်းလွတ်ခွင့်ရှိတာလား?
သူကြက်သေသေလျက် ကဒ်ကိုဆွဲထုတ်လိုက်ပြီး ရှော့ပင်းမောထဲကို ဝင်သွားခဲ့သည်။
Hunterရှော့ပင်းမောက Hunterအစည်းအရုံး အဆောက်အဦး၏ ၃လွှာကနေ၆လွှာအထိမှာ ရှိတာဖြစ်သည်။ ၃ထပ်နဲ့၄ထပ်မြောက်မှာ Cအဆင့်ရှိသည့်ပစ္စည်းကိရိယာများကိုဝယ်ယူနိုင်ကာ ၅ထပ်မြောက်မှာ Bအဆင့်များအတွက်ဖြစ်ပြီး Aအဆင့်များကို ၆ထပ်မြောက်တွင်တွေ့နိုင်သည်။ Sအဆင့်နှင့်အထက်ပစ္စည်းများကိုမူ လေလံပွဲများတွင်သာ ရောင်းချလေ့ရှိသည်။
ယခုကျွန်တော့်လက်ထဲတွင် ပိုက်ဆံအမြောက်အမြားရှိနေပြီဖြစ်သောကြောင့် ၆ထပ်မြောက်ကို တန်းတက်သွားလိုက်၏။ ၆ထပ်မြောက်တွင် ဈေးဝယ်သူများ သိပ်မရှိပါ။ ထိုအစား သန့်ပြန့်စွာဝတ်စားထားပြီး အရုပ်များကဲ့သို့သော ကိုယ်နေဟန်ထားဖြင့် စီစီရီရီ မတ်တတ်ရပ်နေကြသည့် ဝန်ထမ်းများကိုသာတွေ့ရသည်။
"Sအဆင့်စာချုပ်တွေက ဘယ်နားမှာလဲ?"
ကျွန်တော်နှင့်အနီးဆုံးမှာရှိနေသည့် အမျိုးသမီးဝန်ထမ်းကို မေးလိုက်သည့်အခါ သူမက လှပပြီးကြင်နာပုံရကာ မျက်စိပသာဒရှိသည့်အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလေသည်။
"ကျွန်မ လူကြီးမင်းကိုအခုချက်ချင်းလိုက်ပြပေးပါမယ်ရှင့်။ ဒီဖက်ကိုကြွပါနော်"
ထိုဝန်ထမ်းက ကျွန်တော့်ကို ဖန်ချပ်များနဲ့ကာရံထားသည့် နားနေခန်းတစ်ခုဆီသို့ခေါ်သွားခဲ့သည်။ ကျွန်တော်လှည့်ပတ်ကြည့်လိုက်သည့်အခါ ထိုကဲ့သို့သော နားနေခန်းများမှာ ဟိုနားဒီနားမှာ များစွာရှိနေသည်။
ဆိုဖာပေါ်ထိုင်လိုက်သည့်အခါ အမျိုးသမီးဝန်ထမ်းနောက်တစ်ယောက်က တစ်ခုခုသောက်မလားဟုလာမေးသည်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........