Part - 14

54 13 0
                                    

<ပုစွန်ဆိတ်လေးတစ်ကောင်လို (၁)>

ဟူး...နောက်တစ်ယောက်တော့အဆင်ပြေသွားပြီ။ ကဲ အခုစာချုပ်ကို လတ်စသတ်ဖို့ရယ်နဲ့ သူမကို စွမ်းရည်နိုးထပေးဖို့ရယ်ပဲ ကျန်တော့တယ်။

"တော်ရုံမပြောဖြစ်တဲ့စကားတွေကိုထုတ်ပြောရတာ ရှက်စရာကောင်းလိုက်တာ။ မြန်မြန်လက်မှတ်ထိုးလိုက်ပါတော့။ ပြီးတာနဲ့ ကျွန်တော်မင်းကိုစွမ်းရည်နိုးထပေးမယ်"

"ကောင်းပြီလေ။ Haha ရယ်ချင်စရာကြီး"

"မရယ်နဲ့"

"Ahjussiလည်ပင်းတွေရော ရဲနေတာပဲ!"

"မင်းလဲဘာထူးလို့လဲ?"

တခစ်ခစ်ရယ်လျက် Bak Yerimကစာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။ နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးရတဲ့ကွက်လပ်နှစ်ခုလုံးမှာ လက်မှတ်ထိုးပြီးသွားတဲ့အခါ စာချုပ်က အရောင်မိန်မိန်လေးလင်းလာခဲ့တယ်။ ထို့နောက် စာချုပ်မျက်နှာပြင်က ပလတ်စတစ်လောင်းလိုက်သလိုမျိုး ချောမွတ်သွားခဲ့တယ်။ Yerimကတော့ တအံ့တဩနဲ့ စာချုပ်ကို လက်ညှိုးနဲ့ထိုးကြည့်နေတယ်။

"စာချုပ်ပုံစံက ထပ်ပြင်လို့ရတော့တဲ့ပုံလဲမပေါ်ဘူး"

"တကယ်လဲမရတော့ပါဘူး"

ကျွန်တော်စာချုပ်ကိုပြန်ယူလိုက်ပြီး သိုလှောင်တဲ့နေရာထဲကိုထည့်လိုက်တယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေတော့ အကုန်ပြီးသွားပြီ။

"ကဲ...အဲ့တော့ စွမ်းရည်နိုးထတဲ့စွမ်းရည်သုံးပေးရတော့မလား?"

"ခဏနေပါအုန်း"

သူမက လက်တွေကိုခါလိုက်ပြီး တရားထိုင်ဖို့ပြင်နေသလိုမျိုး ခါးကိုမတ်မတ်ထားပြီးထိုင်လိုက်တယ်။ ထို့နောက် အသက်ကိုခပ်ပြင်းပြင်းလေးရှူသွင်းလိုက်ပြန်တယ်။

"ကျွန်မချက်ချင်းပဲစွမ်းရည်နိုးထလာမှာလား?"

"ကံကောင်းရင်ပေါ့။ မဟုတ်ရင် အများဆုံးတစ်ပတ်လောက်ကြာမယ်"

'အလားအလာရှိသောအပင်ပေါက်လေး'စွမ်းရည်က ချက်ချင်းအကျိုးသက်ရောက်တာဆိုပေမဲ့ အချိန်ကိုတစ်ပတ်လောက်တိုးပြောခဲ့တာက ဘာလို့လဲဆိုတော့ စွမ်းရည်နိုးထပေးဖို့ကြိုးစားတဲ့အခါ စကားဝှက်ကို ဘယ်ချိန်ပြောနိုင်မလဲဆိုတာ မသေချာလို့လေ။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now