Part - 16 <လူ့စွမ်းအားအရင်းအမြစ်ဌာန၏ခေါင်းဆောင် (၁)>

109 26 0
                                    

<လူ့စွမ်းအားအရင်းအမြစ်ဌာန၏ခေါင်းဆောင် (၁)>

[ဟန်ယိုဂျင်းရှီး? ကျွန်တော်ပြောတာ ကြားရလား??]

ကျွန်တော်ပြန်မဖြေတော့ ဆော့ရှီးမြောင်က ထပ်မေးတယ်။ ကျွန်တော်ကတော့ဘာမှမကြားရဘူးလို့ပြောပြီး ဖုန်းချလိုက်ချင်တော့တာပါပဲ။

ဟယ်ယွန်းဂိုဏ်း လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ခေါင်းဆောင် ဆော့ရှီးမြောင်။ Bအဆင့်စွမ်းရည်နိုးထသူဖြစ်သော်လည်း Dungeonတွေထဲမဝင်ဘဲ ရုံးဝန်ထမ်းအလုပ်ကိုသာရွေးချယ်ခဲ့တဲ့ လူထူးလူဆန်းတစ်ယောက်။ ဒါကြောင့်မို့ သူ့မှာလူသားအရင်းအမြစ်နဲ့ပတ်သက်တဲ့စွမ်းရည်ရှိတယ်လို့ ကောလဟာလတွေကပြောကြတယ်။

ဥပဒေရေးရာဌာနက ကင်မ်ဟာယွန်းနဲ့သူနဲ့က ဟယ်ယွန်းဂိုဏ်း ကနဦးတည်ထောင်မှုမှာပါဝင်ခဲ့ကြတဲ့ အဖွဲ့ဝင်များ ဖြစ်သည့်အလျောက် Dungeonတိုက်သည့်ကိစ္စများမှလွဲ၍ ဂိုဏ်းကိစ္စတော်တော်များများကိုကိုင်တွယ်ရန် ယုံကြည်စွာအပ်နှံခံထားရသည့် အကောင်ကြီးကြီးအမြီးရှည်ရှည်များဟု ပြောလို့ပင်ရသည်။ အင်မတန်ငယ်ရွယ်သော ဂိုဏ်းခေါင်းဆောင်လေးကို ပံ့ပိုးပေးနေသည့် ယုံကြည်ရသော ထောက်တိုင်တစ်ခုဟုလဲ သတ်မှတ်လို့ရပေသည်။ ဒါပေမဲ့....

......နည်းနည်းလျော့လျော့ပေါ့ပေါ့ပြောရရင် သူနဲ့ကျွန်တော်က သိပ်မတည့်ကြဘူး။

ဒီလူက သူ့ရဲ့ လျှာစောင်းထက်ထက်နဲ့ လူတွေကို အပိုင်းပိုင်းဖြစ်အောင်စုတ်ဖြဲပြီး ကြွက်စုတ်ဖြစ်အောင် လုပ်တဲ့နေရာမှာ တအားကျွမ်းကျင်တယ်။ ချီး... အရင်ဘဝတုန်းကဆို သူ့ကြောင့် ကျွန်တော်ဒေါသတွေထွက် မခံမရပ်နိုင်တွေဖြစ်ပြီး အိပ်ရေးတွေပျက်ခဲ့ရတယ်။ ရေဇလုံထဲခေါင်းနစ်ပြီး သေလိုက်ချင်တဲ့အထိပဲ။

[ကျွန်တော်ပြောတာမကြားရဘူးဆိုရင်လဲ လူကိုယ်တိုင်လာတွေ့လိုက်ပါမယ်]

[မဟုတ်ဘူး မလာနဲ့! အခုကြားရပါပြီ]

လူကိုယ်တိုင်လာမယ်ဆိုတာ ဘာသဘောလဲ! ခင်များမျက်နှာကြီးကို မမြင်ချင်ပါဘူး။ အသံကြားရုံနဲ့တင် ကြက်သီးတွေတဖြန်းဖြန်းထနေပြီမို့ တက်မလာပါနဲ့တော့!

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now