<ငါ့ညီလေးကထူးဆန်းနေတယ် (၃)>
ညစာစားချိန်ရောက်ဖို့ အချိန်အတော်လိုသေးတာမို့ ကိုးရီးယားHunterအစည်းအရုံးဆီသွားဖို့ ကျွန်တော်ပြင်လိုက်တယ်။
'Fအဆင့်ဖြစ်နေတာကို လက်ခံလိုက်တာကအကောင်းဆုံးပဲ'
ကျွန်တော့်ရဲ့အခြေခံခွန်အားပမာဏကိုပဲ ဖော်ပြပြီးတော့ အဓိကစွမ်းရည်နဲ့ စွမ်းရည်အခွဲလေးတွေကိုလျှို့ဝှက်ထားလိုက်ဖို့ စီစဉ်ထားတယ်။ Fအဆင့်ခွန်အားနဲ့ L~Sအဆင့် စွမ်းရည်အခွဲတွေရှိနေတာက လွန်လွန်ကဲကဲဖြစ်နေရုံတင်မဟုတ်ဘူး အသက်အန္တရာယ်ကိုဖိတ်ခေါ်နေသလိုပဲ။ အထူးသဖြင့် Dungeonအပြင်မှာပါသုံးလို့ရတဲ့ 'ငါ့ကလေးလေးကအကောင်းဆုံး' နဲ့ 'အလားအလာရှိသောအပင်ပေါက်လေး'တို့လိုမျိုး စွမ်းရည်တွေမျိုးပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော်မကာကွယ်နိုင်ဘဲနဲ့ "ငါ့ကိုလာပြီးပြန်ပေးဆွဲကြပါ" ဆိုပြီး ဆိုင်းဘုတ်နဲ့ကြော်ငြာနေသလိုဖြစ်မနေဘူးလား။
တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြန်ပေးဆွဲ, ခြိမ်းခြောက်နှိပ်စက်ပြီးတော့ အတင်းအကြပ်ခိုင်းလာရင် ကျွန်တော့်စွမ်းရည်ကိုသုံးလိုက်ရမှာပဲလေ။
စွမ်းရည်အခွဲက တိုက်ပွဲအတွင်းမှာသုံးရတဲ့ဟာဆိုရင် 'မင်းသေရင် ငါလဲသေမယ်'ဆိုတဲ့အခြေအနေတွေရှိနေသေးလို့ အနည်းဆုံးတော့မင်းကို အဖွဲ့သားတစ်ယောက်လိုဆက်ဆံနေအုန်းမှာ။ ဒါပေမဲ့ ပိုက်ဆံသုံးစရာလဲမလိုတဲ့အပြင် တိုက်ရည်ခိုက်ရည်နဲ့ဘာမှမဆိုင်တဲ့ တိုက်ပွဲပြင်ပမှာသုံးရတဲ့စွမ်းရည်ဖြစ်နေခဲ့ရင်တော့ သူတို့ကကျွန်တော့်ကိုဖမ်းထားပြီး အစေခံတစ်ယောက်လိုမျိုး ဆက်ဆံကြမှာပဲ။
ဒီလိုဘဝမျိုးရောက်ခဲ့တဲ့လူတွေ ဒုနဲ့ဒေးရှိခဲ့ဖူးတယ်။
'ဒါက အရင်ဘဝကငါ့ရဲ့ ပြုစုစောင့်ရှောက်သူစွမ်းရည်ကို ဘာကြောင့်လျှို့ဝှက်ထားခဲ့ရလဲဆိုတဲ့ အကြောင်းရင်းပဲ'
ဒီစွမ်းရည်အကြောင်း အစည်းအရုံးကိုပြောပြလိုက်ရင် ကျွန်တော့်ရဲ့hunterအဆင့်ကို ချက်ချင်းလက်ငင်းမြင့်သွားစေမှာဆိုပေမဲ့ ကျွန်တော်တအားကြောက်နေခဲ့တယ်။ အဲ့အချိန်တုန်းက ကျွန်တော်က ကျွန်တော့်ညီလေးနဲ့ ဆက်ဆံရေးမကောင်းလို့ သူကကျွန်တော့်ကိုကာကွယ်ပေးမှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........