Part - 9

26 5 0
                                    

<ဒီနေ့ကစပြီး ငါတို့ကသူငယ်ချင်းဟောင်းတွေပဲ>

လောဂဓံရဲ့ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ချုံးချုံးကျနေသလိုမျိုးပုံစံဖြစ်နေတဲ့ ခါးကိုင်းကိုင်းနဲ့အဲ့ဒီလူ! သူ့မှာ သူရယူဖို့ကျရှုံးခဲ့တဲ့ တအားစွမ်းအားကြီးတဲ့ SSအဆင့်စွမ်းရည်တစ်ခုရှိနေတယ်!

ဒါတင်မကသေးဘူး စွမ်းရည်နာမည်အရဆိုရင် အဲ့တာက ပစ္စည်းကိရိယာသွန်းလုပ်နိုင်တဲ့ အထူးစွမ်းရည်တစ်ခုမှန်း အသိသာကြီးပဲလေ။ အံ့ဩစရာကောင်းလိုက်တာ နောက်ငါးနှစ်ကြာရင်တောင် ပစ္စည်းကိရိယာထုတ်လုပ်နိုင်တဲ့စွမ်းရည်နဲ့လူတစ်ယောက်မှ ပေါ်လာအုန်းမှာမဟုတ်ဘူး။ အဲ့လိုလူတစ်ယောက်ကို ဒီမှာတွေ့လိမ့်မယ်လို့မထင်ထားဘူး။

အထူးစွမ်းရည်တွေက နဂိုကတည်းက အင်မတန်ရှားလွန်းတယ်။ ဒါပေမဲ့ စွမ်းရည်နိုးထပေးတဲ့ဌာနချုပ်ပေါ်လာတာနဲ့ အဲ့စွမ်းရည်တွေက မရှိတော့သလောက်နီးပါး ကွယ်ပျောက်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဌာနချုပ်ကသုံးတဲ့စွမ်းရည်နိုးထပေးတဲ့နည်းလမ်းက အတုအယောင်ကမ္ဘာမှာ တိုက်ခိုက်ရတဲ့တိုက်ပွဲဝင်ပုံစံမို့လို့ပါ။ နောက်ပိုင်းမှာ ကုသသူတွေအတွက်လဲ အတုအယောင်ကမ္ဘာတစ်ခု ဖန်တီးပေးခဲ့တယ်ဆိုပေမဲ့ ဒါအကုန်ပဲ။

အဲ့ဒီနည်းလမ်းကြောင့် ဌာနချုပ်ကနေစွမ်းရည်နိုးထလာတဲ့သူတွေရဲ့ 70%က တိုက်ခိုက်မှုစွမ်းရည်တွေရှိကြပြီးတော့ 29%မှာ ကုသမှုစွမ်းရည်တွေရှိကြတယ်။ ကျန်တဲ့1%ထဲက အများစုမှာ တိုက်ခိုက်မှုအထောက်အပံ့စွမ်းရည်တွေရှိကြပြီး လူတစ်သန်းမှာတစ်ယောက်ကသာ အထူးစွမ်းရည်ကိုရတာဖြစ်တယ်။

'ဘယ်လိုပဲဖြစ်ဖြစ် ဒီစွမ်းရည်ကတော်တော်ကောင်းတယ်။ အရမ်းအရမ်း မိုက်လွန်းတယ်!"

ဒီလူကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် စကားဝှက်ပြောရမဲ့ပြဿနာနဲ့ခေါင်းကိုက်ရအုန်းမှာ ဆိုပေမဲ့လဲ သူ့ကိုလက်လျော့လိုက်ဖို့က နှမြောစရာကောင်းလွန်းတယ်လေ။ အနည်းဆုံး နာမည်ချင်းတော့မိတ်ဆက်ထားသင့်တယ်လို့ တွေးလိုက်ပြီး ကျွန်တော်ရဲ့ဆန့်ကျင်ဖက်ကိုလျှောက်သွားတဲ့ လူနောက်ကို ပြေးလိုက်တော့တယ်။ သို့သော်လည်း-

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now