<ကလေးတွေရဲ့အရှေ့မှာ>
ဒီတစ်ခေါက်လဲ ကင်မ်ဆောင်းဟန်က ဒရိုင်ဘာအနေနဲ့ ကျွန်တော်တို့နောက်ကို လိုက်လာခဲ့တယ်။ အကြောင်းရင်းကတော့ ယယ်ရင်မ်မှာရော ကျွန်တော့်မှာပါ ယာဉ်မောင်းလိုင်စင်မရှိလို့ပါ။ အတိအကျပြောရမယ်ဆိုရင်တော့ ဒီဘဝဒီအချိန်ကာလကကျွန်တော်မှာ လိုင်စင်မရှိသေးပါဘူး။ ကျွန်တော်Fအဆင့်အဖြစ်နိုးထခဲ့ပေမဲ့ Hunterလုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ ကားတစ်စီးဝယ်ပြီး လိုင်စင်လျှောက်ခဲ့တယ်။
ကျွန်တော့်ဘေဘီလေးက အခုချိန်ဆိုမမွေးလောက်သေးဘူး။ ဒီတစ်ခေါက်ရော အဲ့လိုကားမော်ဒယ်ပဲ ဝယ်ရမလား?
ကျွန်တော်တို့ အဆောက်အဦးနဲ့ နီးကပ်လာတဲ့အခါ ယယ်ရင်မ်က စိတ်လှုပ်ရှားစပြုလာတယ်။ အင်းပေါ့ ဒီကလေးမက ၁၅နှစ်အရွယ်ကလေးသာသာပဲရှိသေးတာ။ သူတို့အချင်းချင်းဆက်ဆံရေးမကောင်းရင်တောင်မှ သူမကိုစောင့်ရှောက်ခဲ့တဲ့ ဆွေမျိုးသားချင်းကို အဆက်ဖြတ်ဖို့က ဘယ်လွယ်ပါ့မလဲ။
ဒါပေမဲ့ သူမရဲ့Sအဆင့်စိတ်ခွန်အားကြောင့် သူမကဓာတ်လှေကားခလုတ်ကို တွေဝေခြင်းမရှိဘဲ နှိပ်နိုင်ခဲ့တယ်။ သွားရမဲ့အထပ်ကိုရွေးတဲ့အခါမှာလဲ သူမလက်ကနှောင့်နှေးမနေခဲ့ဘူး။
ကြည့်ရတာ သိပ်ပြီးစိတ်ပူစရာမလိုဘူးထင်တယ်။
"ရောက်ပြီ"
ယယ်ရင်မ်ကပြောလိုက်ရင်း 14ထပ်မြောက်မှာဆင်းလိုက်ပြီး ညာဖက်ကတံခါးဖက်ကိုလှည့်လိုက်တယ်။
"မင်းရဲ့ဦးလေးက ဘယ်လောက်ပဲပြဿနာရှာရှာ မင်းသူနဲ့ လုံးဝထိပ်တိုက်မတွေ့ရဘူးနော်။ စွမ်းရည်နိုးထပြီးသူတစ်ယောက်က သာမန်လူတစ်ယောက်ကို ထိခိုက်အောင်လုပ်မိခဲ့ရင် ပြဿနာကပိုပြီးဆိုးရွားသွားလိမ့်မယ်။ တကယ်လို့ ဒေါသထွက်လာရင်တောင် တတ်နိုင်သလောက်သည်းခံပေး"
ဒါပေမဲ့ ကျွန်တော်က သာမန်လူတစ်ယောက်နဲ့သိပ်ပြီးမကွာခြားတဲ့ Fအဆင့်ဖြစ်နေလို့ ကျွန်တော့်အတွက်က အဆင်ပြေတယ်။ ယယ်ရင်မ်က မကျေနပ်တဲ့ပုံစံပေါက်နေပေမဲ့ ခေါင်းညိတ်ပြတယ်။
![](https://img.wattpad.com/cover/380847587-288-k311922.jpg)
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........