<ငါ့ညီလေးကထူးဆန်းနေတယ် (၄)>
ကမ္ဘာကြီးက Dungeonတွေနဲ့နေသားကျသွားတဲ့အခါ Hunterအသက်မွေးဝမ်းကြောင်းက ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုအဖြစ် နာမည်ကြီးလာခဲ့တယ်။
Sအဆင့်ကိုမပြောနဲ့အုန်း မင်းကBအဆင့်တစ်ယောက်ဖြစ်နေရုံနဲ့ ငွေအပုံကြီးရှာလို့ရတယ်။ Cအဆင့်တွေရဲ့ နှစ်စဉ်ဝင်ငွေကလည်းမြင့်ပြီးတော့ Dအဆင့်တွေတောင်မှ သိန်းတစ်ထောင်ထိရှာနိုင်ကြတယ်။ အဲ့ထက်နိမ့်တဲ့Eအဆင့်ကိုထားလိုက်, တိုက်ပွဲဝင်စွမ်းရည်ရှိတဲ့ Fအဆင့်တွေတောင်မှ အသေးစားနဲ့ အလယ်လတ်စီးပွားရေးလုပ်ငန်းတွေမှာလုပ်တဲ့ ရုံးဝန်ထမ်းတွေထက် ဝင်ငွေပိုကောင်းကြတယ်။
Dungeonတွေကနေရတဲ့ စွမ်းအင်ကျောက်တုံးတွေက စွမ်းအင်ရင်းမြစ်အသစ်တစ်ခုဖြစ်လာပြီးတော့ အခြားDungeonထွက်ပစ္စည်းတွေက ဆေးဝါးအသစ်ဖော်ဆောင်ရန်နဲ့ အသုံးဝင်တဲ့ပစ္စည်းကိရိယာတွေထုတ်လုပ်ရာနေရာတွေမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေဖြစ်လာခဲ့တယ်။ ဒါတင်မကသေးဘူး မှော်စွမ်းအားနဲ့ သိပ္ပံပညာကိုပေါင်းစပ်ပြီးတော့ အမျိုးမျိုးသော နည်းပညာအသစ်တွေကိုဖန်တီးလာကြတယ်။
ဒီလိုကမ္ဘာကြီးမှာ လျင်မြန်စွာကြီးထွားလာတဲ့ ဟယ်ယွန်းဂိုဏ်းရဲ့ အရပ်ရှည်ပြီး ရုပ်ရည်ချောမောတဲ့ ဂိုဏ်းခေါင်းဆောင် Sအဆင့်Hunter ဟန်ယူဟျွန်းရဲ့ နာမည်ကျော်ကြားမှုကို ရှင်းပြစရာလိုသေးရဲ့လား? ငယ်ရွယ်ရုံတင်မကဘူး အသက်၂၀အရွယ်မှာတင် သူကအလားအလာကောင်းတဲ့ပါရမီရှင်လဲဖြစ်နေသေးတယ်။
အင်တာဗျူးတစ်ခုနဲ့တင် သူ့ရဲ့တန်ဖိုးက မိုးထိလောက်အောင်မြင့်တက်သွားနိုင်ပြီး အချိန်ခဏလေးနဲ့ သူ့ပုံပါတဲ့ မဂ္ဂဇင်းတွေအကုန်sold outသွားမယ်။
'ဒီခွေးကောင်လေးသာ အိမ်ထောင်မှုကိစ္စလဲ ကျွမ်းကျင်မှန်းသိရင် သူတို့တွေပေါက်ကွဲထွက်ကုန်မှာပဲ'
ကျယ်ဝန်းတဲ့မီးဖိုချောင်ထဲမှာ မီးဖိုပေါ်ကအိုးတစ်ခုကို မ,လိုက်တဲ့ ယူဟျွန်းရဲ့ကျောကို ကြည့်နေလိုက်ပြီး ကျွန်တော်တီးတိုးရေရွတ်မိတယ်။ သူနဲ့အတူညစာစားဖို့ဖိတ်တုန်းက အပြင်ထွက်စားကြမယ်လို့ပဲကျွန်တော်ထင်ခဲ့မိတာဆိုပေမဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်မှာ သူကိုယ်တိုင်ချက်တဲ့ဟင်းနဲ့ တည်ခင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasi[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........