<အတိတ်ကိုပြန်သွားခြင်း (၁)>"...Hyung အဆင်ပြေရဲ့လား"
သူကမေးတယ်။ သူ့ရဲ့ဗိုက်ဘေးဖက်က ဟောင်းလောင်းပွင့်ပြီး အတွင်းကလီစာတွေထွက်ကျနေတာတောင်မှ သူကကျွန်တော့်ကိုအဆင်ပြေလား မေးနေတယ်။
သူ့မျက်နှာကဖြူဖျော့နေပြီး သေခါနီးဖြစ်နေပေမဲ့ သူ့အမူအယာကတည်ငြိမ်နေတုန်းပဲ။ စိတ်ရှုပ်စရာကောင်းလိုက်တာ။ ကျွန်တော်မြေပြင်ပေါ်ထိုင်လျက်နဲ့ပဲ ကျွန်တော့်ရဲ့ညီလေးကို ဘာမှမပြောဘဲ ကြည့်နေလိုက်တယ်။
သူကအမြဲတမ်းကျွန်တော့်အလုပ်မှာဝင်စွက်ဖက်နေကျပဲ။ သူ့ညီလေးကမယုံနိုင်စရာကောင်းလောက်အောင် အရာရာတိုင်းမှာတော်နေလို့ လူတွေက အမြဲတမ်း ကျွန်တော့်ကို ကောင်းကောင်းပြုမူနေထိုင်ဖို့ သူ့လမ်းကြောင်းမှာအဟန့်အတားမဖြစ်စေဖို့ သတိပေးကြတယ်။ အဆုံးမှာတော့ ကျွန်တော်ကသူ့အတွက်အဟန့်အတားဖြစ်စေခဲ့ရုံတင်မကဘူး သူ့ကိုပါ ဖျက်ဆီးခဲ့မိတယ်လေ။ သူတို့ပြောတာမမှားပါဘူး။
ဒါပေမဲ့လဲပေါ့
"......မင်း ဒီမှာဘာလာလုပ်တာလဲ"
သူကကျွန်တော့်ကို ကယ်ခဲ့တာဆိုပေမဲ့ စကားသံခပ်ပြတ်ပြတ်သာ ကျွန်တော့်ပါးစပ်ကထွက်လာခဲ့တယ်။
ဘာလို့အလုပ်ရှုပ်ခံပြီးဒီကိုလာနေသေးတာလဲ။ ငါ့ရဲ့မဆင်မခြင်လုပ်ရပ်အတွက် ဘာလို့ငါ့ကိုသေခွင့်မပေးလိုက်တာလဲ။
ငါတို့ကဘယ်တုန်းကမှ မရင်းနှီးခဲ့ကြဘူး။ ငါတို့တွေ့လိုက်တိုင်းလဲ ငါတို့နှစ်ယောက်ကြားမှာလေစိမ်းတွေတိုက်နေသလိုပဲ။
ကျွန်တော့်ခြေထောက်အရိုးတွေကျိုးသွားတုန်းက သူကျွန်တော့်ကိုဆေးရုံမှာတစ်ခါလေးမှတောင်လာမကြည့်ခဲ့ဘူး။ ခြေထောက်ကမကုသခဲ့ရင်တစ်သက်လုံးဒုက္ခိတဘဝနဲ့နေရတော့မှာမို့ သူ့ဆီအကူအညီသွားတောင်းတော့ သူကသွေးအေးစွာနဲ့ ကျွန်တော့်ကိုကူညီဖို့ငြင်းပယ်ပြီး အပြင်ကိုဆွဲထုတ်သွားခိုင်းခဲ့တယ်။ နောက်တော့ ကျွန်တော့်ကိုပိုက်ဆံနဲ့ပစ်ပေါက်ပြီး အဲ့ငွေတွေနဲ့ကောင်းကောင်းနေဖို့ပြောခဲ့တယ်။ အဲ့နေ့ကစပြီးတော့ ကျွန်တော်သူနဲ့စကားထပ်မပြောဖြစ်တော့ဘူး။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........