Part - 23

40 12 1
                                    


<ငါ့လူ (၃)>

ကျွန်တော်တို့ တံခါးချက်တစ်ခုဝယ်ဖို့ စက်ပစ္စည်းဆိုင်ကို ခဏဝင်ပြီးနောက် စာချုပ်တွေလက်လွှဲဖို့အတွက် Hunterအစည်းအရုံးကို ဦးတည်လိုက်ကြတယ်။ စာချုပ်ရောင်းရငွေရဲ့ 30%ကို ကော်မရှင်ခအနေနဲ့ပြန်ရမှာဖြစ်ပြီး ငွေကိုတော့ ကျွန်တော်မှတ်ပုံတင်ထားတဲ့အကောင့်ထဲကို လွှဲပေးမှာဖြစ်တယ်။ Fအဆင့်စာချုပ်တွေက ပိုက်ဆံသိပ်မရလောက်ပေမဲ့ Cနဲ့Dအဆင့်တွေကိုရောင်းရင်တော့ တော်တော်အမြတ်ထွက်လောက်မယ်။

ပိုက်ဆံကို ကျွန်တော်တစ်ယောက်တည်း အပိုင်သိမ်းလိုက်တာက သိပ်မကောင်းဘူးလို့ခံစားရတာ​ကြောင့် လှည့်စားခံခဲ့ရတဲ့သူတွေကို ခွဲပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

"မင်းကိုအခွင့်အရေးယူဖို့ တကယ်အဆင်ပြေရဲ့လား?"

ကျွန်တော်တို့ဂိုဏ်းကိုရောက်လို့ ကားပေါ်ကဆင်းကြတဲ့အခါ Yoo Myeongwooက စိုးရိမ်ကြောင့်ကြစွာနဲ့ မေးလာတယ်။ တကယ်ပါပဲ...သူ့ရဲ့ SSအဆင့်စွမ်းရည်က တိုက်ခိုက်ရတဲ့အမျိုးအစားမဟုတ်လို့တော်ပါသေးရဲ့။ ဒါမှမဟုတ် သူ့မှာ ဒီလိုမျိုးစိတ်အနေအထားရှိတာကြောင့် သွန်းလုပ်တဲ့စွမ်းရည်အမျိုးအစားကိုရသွားတာလား?

"စောစောက ဖုန်းထဲကနေသူတို့ပြောတာကို မင်းလဲကြားလိုက်တာပဲ။ အဆောင်ခန်းထဲ အပြင်လူခေါ်နေလို့ရတယ်တဲ့"

အတိအကျဆိုရင်တော့ လာလည်တဲ့ဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ ချစ်သူကို ခေါ်နေလို့ရတဲ့ စည်းကမ်းချက်မျိုးပါ။ လူဘယ်နှယောက်ကိုခေါ်လို့ရတယ်, ဘာတွေလုပ်နိုင်တယ်ဆိုတာနဲ့ တစ်လမှာ တစ်ပတ်ပဲလာနေ့ခွင့်ရှိတယ်ဆိုတာမျိုးတွေလဲ ကန့်သတ်ထားပါသေးတယ်။ တကယ်လို့ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်ကအပြည့်အဝတာဝန်ယူပါတယ်ဆိုပြီးတော့လဲ အာမခံစာရေးပေးထားရပါတယ်။

"ဒါမှမဟုတ်လဲ ငါအိမ်ကိုပြန်လို့ရ......"

"ဘာလို့ပြန်မှာလဲ? သွားလိုက်ပြန်လိုက်နဲ့ ခဏခဏလုပ်နေရမှာ စိတ်ရှုပ်စရာကြီး။ ထရိန်နင်ကာလပြီးတဲ့အထိ ဒီမှာပဲနေလိုက်ပါ။ ရက်နည်းနည်းလေးပဲကြာမှာကို"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now