Part - 3 <ငါ့ညီလေးကထူးဆန်းနေတယ် (၁)>

172 31 0
                                    


<ငါ့ညီလေးကထူးဆန်းနေတယ် (၁)>

သူကနဂါးအလောင်းကောင်ပေါ်မှာမဟုတ်တော့ဘဲ ကုတင်ပေါ်မှာထိုင်နေတာဖြစ်ကြောင်းသိလိုက်ရတယ်။ သွေးညှီနံ့တွေလဲပျောက်သွားပြီး သူဝတ်ထားတဲ့အင်္ကျီတောင်မှ တစ်မျိုးပြောင်းသွားတယ်။

'......ငါတကယ်အတိတ်ကိုပြန်ရောက်သွားပြီလား'

ပထဆုံးအချက်အနေနဲ့ ကျွန်တော့်ရဲ့အကြောင်းအရာပြမျက်နှာပြင်ကိုဖွင့်ကြည့်လို့မရတော့ဘူး။ ပစ္စည်းသိုလှောင်တဲ့နေရာလည်းပဲမရှိတော့ဘူး။ လွန်ခဲ့တဲ့ငါးနှစ် ကျွန်တော်စွမ်းရည်မနိုးထသေးတဲ့အချိန်ကိုရောက်လာတာပဲဖြစ်ရမယ်။

'ယူဟျွန်း...အဲ့ကလေးကတော့ နာမည်ကြီးတဲ့ဂိုဏ်းခေါင်းဆောင်တောင် ဖြစ်နေပြီ'

'ဟယ်ယွန်း'ဂိုဏ်းက လက်ရွေးစင်အဖွဲ့သားအနည်းငယ်နဲ့ပဲဖွဲ့စည်းထားပြီးတော့ နောက်လာမဲ့ငါးနှစ်မှာအလျင်အမြန်တိုးတက်လာပြီး ကိုးရီးယားမှာ နံပါတ်တစ်ဖြစ်လာမဲ့ အကောင်းဆုံးဂိုဏ်းလို့ပြောလို့ရပါတယ်။

ဒါပေါ့ ကျွန်တော်ကတော့အဲ့ဂိုဏ်းထဲမဝင်နိုင်ခဲ့ဘူးလေ။ အဲ့က ဂိုဏ်းအဖွဲ့ဝင်တော်တော်များများက ကျွန်တော့်ကိုသဘောမကျကြဘူး။

"ဂိုဏ်းခေါင်းဆောင်နားမှာ ရစ်သီရစ်သီလုပ်နေတာကိုရပ်တန်းကရပ်ပြီး ထွက်သွားစမ်း" ဆိုတဲ့စကားတွေ အပြောခံခဲ့ရတာ အခါတစ်ရာမကဘူး။

အာ, ဆိုးရွားလိုက်တဲ့လူတွေ။
အင်းပါ...ဒီတစ်ခါတော့ ငါတိတ်တိတ်လေးနဲ့​ငြိမ်ငြိမ်လေးပဲ နေပါ့မယ်။

အိတ်ကပ်ထဲစမ်းကြည့်လိုက်တော့ ကျွန်တော့်ဖုန်းကိုရှာတွေ့တယ်။ ဒီရက်စွဲက...အိုး တကယ်လွန်ခဲ့တဲ့ငါးနှစ်ပဲ။ နောက်ဆုံးပို့ထားတဲ့ မက်ဆေ့က-

'နေပါအုန်း ဒါကစွမ်းရည်နိုးထလာအောင်လုပ်ပေးတဲ့ပွဲစားဆီကမလား'

ဒီနေ့မနက်က သူအဲ့ပွဲစားနဲ့စကားပြောထားတာတွေရှိနေတုန်းပဲ။ ဒီမက်ဆေ့ကိုမြင်တော့ အတိတ်ကအကြောင်းအရာတွေကို သူပြန်သတိရလာတယ်။

'အဲ့အချိန်ကိုပြန်ရောက်လာတာပဲ'

ကမ္ဘာပေါ်မှာ Dungeonတွေရုတ်တရက်ပေါ်လာပြီးတော့ စွမ်းရည်နိုးထလာတဲ့hunterတွေထွက်ပေါ်လာခဲ့တာ ၃နှစ်ရှိခဲ့ပြီ။ ကမ္ဘာတစ်ဝှမ်းလုံး ပြောင်းလဲမှုတွေအများအပြားဖြစ်သွားပေမဲ့ ခုတော့ လူတွေကတဖြည်းဖြည်းနဲ့ နေသားကျလာကြပါပြီ။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now