<ရေအေးတောင်သောက်ပြလို့မရပါလား>
" အာဂျီးရှီးကယဉ်ယဉ်ကျေးကျေးပြောနေပေမဲ့ ဦးလေးကလက်ပါဖို့လုပ်တာနှစ်ခါတောင်ဆိုတော့ ကျွန်မဘယ်လောက်တောင်လန့်သွားလဲ သိလား?"
"အော်....အင်း ဟုတ်လား?"
ဘတ်ဆောင်းထယ်ဖက်က ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့လုပ်တာနှစ်ခါဆိုတာမှန်ပေမဲ့...။ ကျွန်တော်သူ့ဦးလေးရဲ့ခေါင်းကို တံခါးဘောင်နဲ့ကိုင်ဆောင့်ပေးလိုက်တာကို မမြင်လိုက်စရာအကြောင်းတော့မရှိဘူးမလား။
"ဒီလိုမျိုးထပ်မလုပ်ပါနဲ့တော့။ ကျွန်မကြည့်နေရတာ ရင်တုန်လွန်းလို့"
ယယ်ရင်မ်ကမကျေမနပ်နဲ့ပြောတယ်။ ကျွန်တော်ပြောချင်တာက...စောစောကကိစ္စမှာ သူမကိုရင်တုန်ပန်းတုန်ဖြစ်စေတာ ဘာရှိလို့လဲဟင်? အဲ့တာက အသိသာကြီးပဲကို တစ်ဖက်သတ်ဆော်နေတာပဲဟာ။ ဒီကလေးမမျက်လုံးတွေ တစ်ခုခုမှားနေတာလား?
"....ဘာပဲဖြစ်ဖြစ် ကိစ္စကလဲပြီးပြတ်သွားပြီဆိုတော့ မင်းပစ္စည်းတွေသွားသိမ်းလေ ပြီးရင်သွားကြရအောင်"
"ဟုတ်~"
ယယ်ရင်မ်ကကျွန်တော့်နားကနေဖြတ်သွားပြီးတော့ အိမ်ရှေ့တံခါးပေါက်ကနေဝင်သွားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဘတ်ဆောင်းထယ်ကတော့ သူ့မိန်းမရဲ့အကူအညီနဲ့ မတ်တပ်ရပ်ဖို့လုပ်နေလေရဲ့။ ယယ်ရင်မ်အကြည့်က သူ့အပေါ်ကိုကျလာတဲ့အခါ သူတို့မျက်နှာကရှုံ့မဲ့သွားတယ်။
"ရှင်ရောပဲ ဦးလေး...နည်းနည်းလေးပိုဂရုစိုက်ပါအုန်း။ ခလုတ်တိုက်ပြီးလဲကျရတယ်လို့"
သူမရဲ့ စိတ်မပါတပါအသံကိုကြားလိုက်ရတဲ့အခါ ဘတ်ဆောင်းထယ်နဲ့သူ့မိန်းမတို့က ကြောင်အသွားတယ်။ ကျွန်တော်တောင်မှ အံ့အားသင့်သွားရတယ်။ ခုနလေးကမှ ဒီလိုတူညီတဲ့အကြောင်းပြချက်ကို ကျွန်တော်သုံးခဲ့တာ ဒါပေမဲ့လဲ....
"မင်း- မင်း! ဘာဖြစ်သွားလဲဆိုတာကိုမမြင်လိုက်ဘူးလား!"
ဘတ်တောင်းထယ်ရဲ့ မတရားစွပ်စွဲခံရပါတယ်ဆိုတဲ့ လေသံမျိုးကိုကြားတော့ ယယ်ရင်မ်က ပခုံးတွန့်ပြလိုက်တယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........