Part - 7

72 12 0
                                    

<Hunterအစည်းအရုံး (၁)>

Bak Yerimကိုသွားမရှာခင် စွမ်းရည်နိုးထသူအဖြစ်စာရင်းသွင်းဖို့နဲ့ စာချုပ်ဝယ်ဖို့ Hunterအစည်းအရုံးကို အရင်သွားလိုက်တယ်။

ကိုရီးယားHunterအစည်းအရုံး။

အစိုးရကပြဌာန်းတဲ့ စွမ်းရည်နိုးထသူမှတ်ပုံတင်ဌာနအဖြစ်နဲ့ စတင်ခဲ့ပြီးတော့ အကြီးဆုံးဂိုဏ်းသုံးဂိုဏ်းရဲ့အင်အားနဲ့ ပေါင်းစည်းခဲ့ပြီးနောက်မှာ အစည်းအရုံးတစ်ခုဖြစ်လာခဲ့တယ်။ တခြားနိုင်ငံတွေမှာရှိတဲ့အစည်းအရုံးတွေကလည်း ဒီပုံစံအတိုင်းပဲပေါ်ပေါက်လာတာဖြစ်တယ်။ လောလောဆယ်တော့ အစိုးရက 51%သောရှယ်ယာတွေကိုရထားလို့ ၎င်းကအစိုးရပိုင်အေဂျင်စီဖြစ်နေပြီးတော့ ဂိုဏ်းကြီးသုံးခုက 30%နဲ့ ကျန်တဲ့ဂိုဏ်းတွေက 19%ကို ပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့နောက်၅နှစ်ကြာပြီးရင်တော့ ဂိုဏ်းတွေရဲ့အင်အားကကြီးထွားလာပြီး များစွာသောရှယ်ယာတွေကို လက်ဝါးကြီးအုပ်သွားလိမ့်မယ်။

အတိအကျပြောရရင်တော့ Haeyeonဂိုဏ်းက အဲ့ရှယ်ယာတွေကိုယူသွားလိမ့်မယ်။

'ငါတွေးလေလေ အချိန်နောက်ပြန်မသွားခင်ကတည်းက အဲ့ကောင်Yoohyunက စိတ်ဖောက်ပြန်နေတယ်လို့ ထင်လေလေပဲ'

အဲ့လိုမျိုး မယုံနိုင်ဖွယ်ရာဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်က သူ့ရဲ့အသုံးမကျတဲ့Hyungကိုကယ်ဖို့ အသက်ပေးသွားမယ်လို့ တွေးဖို့က...နားမလည်ပေးနိုင်စရာပဲ။

ဒါပေမဲ့လည်း သူ့ကိုကျေးဇူးတင်ရမယ်။ ကျွန်တော်အသက်ရှင်ပြီးတော့ အတိတ်ကိုပြန်ရောက်လာတယ်။ Lအဆင့်စွမ်းရည်ဂုဏ်ပုဒ်နှစ်ခုတောင် အဆစ်ရလိုက်သေးတယ်။ အဲ့တော့ Yoohyun-ieဘယ်လောက်ပဲ ရူးသွပ်စရာတွေလုပ်လုပ် ကျွန်တော်က သည်းညည်းခံရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်လဲ သည်းခံရုံအပြင် ကျန်တာဘာမှမတတ်နိုင်ဘူးလေ။

ဒီနေ့က စနေတနင်္ဂနွေ ပိတ်ရက်မို့ထင်တယ် Hunterအစည်းအရုံး မှတ်ပုံတင်ဌာနရဲ့ နားနေခန်းမှာ လူတွေပြည့်ကျပ်လျက်ရှိနေတယ်။ စွမ်းရည်နိုးထသူအများစုရဲ့ စွမ်းရည်နဲ့ခွန်အားတွေက Fအဆင့်တွေဖြစ်ပြီးတော့ FFလို့ခေါ်ကြတယ်။ အဲ့လိုလူတွေအတွက်ကျ Hunterအနေနဲ့အလုပ်လုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့လူတွေက မှတ်ပုံတင်ဖို့လာကြတုန်းပဲ။ ဘာလို့လဲဆိုတော့ မှတ်ပုံတင်ဖို့လာကြတဲ့လူတွေကို အစိုးရက ထောက်ပံ့ကြေးငွေတွေပေးတာကြောင့်မို့ပါ။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now