<လူ့စွမ်းအားအရင်းအမြစ်ဌာန၏ခေါင်းဆောင် (၂)>
ဧည့်ခံသည့်အခန်းမှာ ရှေးဟောင်းစတိုင်ဖြင့် ဆွဲဆောင်မှုတစ်ခုရှိနေသည်။ အခန်းအတွင်းပိုင်းကို အရှေ့တိုင်းပုံစံဖြင့်ဆင်ထားပြီး ရှေးကျသောအနောက်တိုင်းစတိုင်ပရိဘောဂများထည့်သွင်းထားသည်မှာ အဆီအငေါ်မတည့်ဟု ထင်ရလောက်သော်လည်း ထိုနှစ်မျိုးမှာကောင်းစွာလိုက်ဖက်နေလေသည်။ Seok Simyeong၏ ပင်ကိုစရိုက်အရဆိုလျှင် ထိုပရိဘောဂများအားလုံးမှာ အမှန်အကန်ပင် ရှေးဟောင်းပစ္စည်းများဖြစ်နိုင်သည်။
ကျွန်တော့်ကိုညွှန်ပြလိုက်သည့် အနက်ရောင်သားရေဆိုဖာပေါ်ကို ထိုင်လိုက်သည့်အခါ ဘာသောက်မလဲဟုလာမေးလေသည်။ ဒီနေရာရဲ့လေထုအမျိုးအစားကတော့ ကြိုက်နှစ်သက်သည့်ကော်ဖီစေ့အမျိုးအစား မေးလာနိုင်လောက်သည့်နေရာနှင့်တူပေသည်။
"ကျေးဇူးပြုပြီး လိမ္မော်ဖျော်ရည်ပေးပါ"
"ကျွန်မလဲ လိမ္မော်ဖျော်ရည်သောက်မယ်"
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ Bak Yerimကပြောသည်။
ကျွန်တော်တို့ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ Seok Simyeongကတော့ ကြင်နာတတ်သောအပြုံးလေးနဲ့ ထိုင်နေ၏။ သူ့ရဲ့အမူအယာက ယဉ်ကျေးသိမ်မွေ့နေလိုက်တာများ အခုနေကျွန်တော်သူ့ကို အော်ဆဲလိုက်ရင်တောင်မှ သူကသဘောထားကြီးစွာနဲ့ 'ဟားဟားဟား အဲ့လိုလား'လို့ပြောပြီး ပြီးသွားလောက်သည်။
"ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ Haeyeonဂိုဏ်းကိုရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုတာပါ"
Seok Simyeongက ယဉ်ကျေးချိုသာတဲ့အသံနဲ့ပြောတယ်။ ပထမဆုံးတွေ့ဆုံကတည်းက သူတွေးမိနေခဲ့တာ ဒီလူရဲ့အသံကတကယ်ကိုကောင်းတာပဲ။ လူကြီးလူကောင်းဆန်တဲ့အမူအယာ၊ သိပ်မဆိုးလှတဲ့ရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိတဲ့အသံ။ ဒီလူက စီးပွားရေးမှာ ဘုရင်တစ်ဆူဖြစ်ဖို့မွေးဖွားလာသလိုပဲ။
Yerim-ieကလဲ သူ့အသံနောက်ကိုတစ်ဝက်လောက်မျောပါသွားပုံရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့လျှာဘယ်လောက်အဆိပ်ပြင်းလဲဆိုတာ သိနေတဲ့အတွက်ကြောင့် ယိမ်းယိုင်သွားမှာမဟုတ်ဘူး။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........