<ပိတ်လိုက် (၁)>
"တပ်ဆင်မှုပြီးသွားပါပြီ"
"အလုပ်ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်"
နောက်ဆုံးတော့ Peaceအတွက် လှောင်အိမ်တပ်ဆင်တာ ပြီးသွားခဲ့ပြီ။ ကျွန်တော်တို့ဆောက်ထားပေးတဲ့ Peaceရဲ့အိမ်အသစ်ကိုကြည့်လိုက်ရင်း ကျွန်တော်ဂုဏ်ယူနေမိတယ်။
လှောင်အိမ်ကို ဖန်နံရံတွေနဲ့ကာရံထားပြီးတော့ လေထုသန့်စင်ပေးတာအပြင် အပူချိန်ထိန်းညှိပေးသည့်systemလဲ ပါဝင်လေသည်။ ဒါကြောင့်မို့ ဒီဟာက တိရစ္ဆာန်လှောင်အိမ်ဆိုတာထက် ဇိမ်ခံဆေးလိပ်သောက်ခန်းတစ်ခန်းနဲ့တောင် ပိုတူနေပါသေးတယ်။ ဧည့်ခန်းရဲ့တစ်ဝက်လောက်ကိုနေရာယူထားတာမို့ အိမ်လေးကတော်တော်ကျယ်ပါတယ်။ ဒီလိုဆိုရင် သူအိမ်မှာတစ်ကောင်တည်းကျန်နေခဲ့ရင်တောင် မွန်းကြပ်တယ်လို့ ခံစားရတော့မှာမဟုတ်ဘူး။
လှောင်အိမ်အပြင် အတွင်းတံခါးနဲ့အဝင်ပေါက်ကိုလဲ ပိုပြီးခိုင်ခံတဲ့တံခါးတွေနဲ့ အစားထိုးလိုက်တယ်။ ကြည့်ရသလောက်တော့ ဧည့်ခန်းထဲမှာရှိတဲ့ ဖန်တွေအကုန်လုံးက Dungeonထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဆိုတော့ အဆင်ပြေလောက်မှာပါ။
ပြင်ဆင်မှုတွေပြီးသွားတဲ့အခါ ကျွန်တော်Yoohyunieရဲ့ ဖန်လုံအိမ်ကို ချက်ချင်းသွားလိုက်ပြီး Peaceကိုခေါ်လာခဲ့တယ်။ ကျွန်တော်သူ့ကို ဧည့်ခန်းထဲမှာချပေးလိုက်တဲ့အခါ သူက ပထမကတော့ မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ နေသားမကျသယောင်လေးဖြစ်နေပြီးတော့ နောက်တစ်ခဏမှာပဲ သူကနှုတ်ခမ်းမွေးလေးလှုပ်ရွလှုပ်ရွနဲ့ နေရာတစ်ခုလုံးကို စူးစမ်းလေ့လာတော့တယ်။
"ဝါယာကြိုးတွေကို မကိုက်နဲ့နော်"
ဒါပေမဲ့ ဝါယာကြိုးတွေ ပေါ်မနေအောင် သေချာသပ်သပ်ရပ်ရပ်လေး တပ်ဆင်ထားပေးပြီးသားပါ။
"ခဏနေ Ahjussiတစ်ယောက်ရောက်လာလိမ့်မယ်။ သူ့ကိုမကိုက်ရဘူးနော်"
Yoo Myeongwooက သူ့ပစ္စည်းတွေကိုယူဖို့ အိမ်ကိုခဏပြန်သွားတာပါ။ Peaceက ကြောင်တစ်ကောင်ရဲ့အရွယ်အစားရှိနေပေမဲ့ သူCအဆင့်ဖြစ်နေပြီးတော့ Myeongwooကတော့ Fအဆင့်ပဲရှိတာမို့ အဲ့နှစ်ယောက်သာရန်ဖြစ်ကြမယ်ဆိုရင် Yoo Myeongwooက ချက်ချင်းကိုပဲ ပွဲသိမ်းသွားလိမ့်မယ်။ သူတို့နှစ်ယောက်တည်း အတူတူရှိမနေအောင်လို့ ကျွန်တော်ဂရုစိုက်ရမယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........