<ပိတ်လိုက် (၃)>
"Han Yoojin-ssi?"
Kim Sunghanက သူ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့လူကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်တယ်။
Han Yoojinဆိုတဲ့လူရဲ့ လက်ထဲကနေကျသွားတဲ့ဖန်ခွက်က လိမ့်သွားပြီး ပန်းကန်ပြားကိုထိတော့ရပ်သွားတယ်။ မှောက်ကျသွားတဲ့အရက်က စားပွဲအစွန်းကနေအောက်ကို တစ်စက်ပြီးတစ်စက်ကျနေလေရဲ့။
"ခင်ဗျားအဆင်ပြေရဲ့လား?"
မေးတာကိုကြားတော့ Han Yoojinက ခေါင်းကိုအသာလေးခါပြတယ်။ ပြီးတော့ သက်ပြင်းအရှည်ကြီးချလိုက်လေတယ်။
"Kim Sunghan-ssi"
သူကနောက်ထပ်တစ်ခါ သက်ပြင်းချလိုက်ပြီးတော့ ငုံ့ထားတဲ့ခေါင်းကို မော့လိုက်တယ်။ သူ့ရဲ့ရီဝေနေတဲ့မျက်လုံးနဲ့ ရဲနေတဲ့မျက်နှာကို ကြည့်လိုက်ရုံနဲ့တင် သူမူးနေပြီဆိုတာကို ဘယ်သူမဆိုပြောနိုင်ပါတယ်။
"ကြည့်ရတာ ခင်ဗျားတော်တော်မူးနေပြီထင်တယ်။ ပြန်ကြစို့"
"မဟုတ်ဘူး ခဏလေးနေပါအုန်း"
Han Yoojinက ငြင်းဆန်တဲ့အနေနဲ့ လက်ခါပြတယ်။
မူးနေတဲ့ပုံစံဆိုပေမဲ့ သူ့ရဲ့စကားလုံးတွေကို သဲသဲကွဲကွဲကြားနေရပြီးတော့ စကားသံကလဲပီနေတုန်းပဲ။ အဲ့တော့ Kim Sunghanက ခဏလောက် တွေဝေသွားတယ်။ ဒီလူ တကယ်မူးနေတာရောဟုတ်ရဲ့လား?
"ကျွန်တော့်မှာ လုပ်စရာတစ်ခုရှိသေးတယ်"
"ခင်ဗျားလုပ်စရာရှိတာ?"
"ဟုတ်တယ်။ ကျွန်တော်မလုပ်ချင်ဘူး ဒါပေမဲ့......ရွေးချယ်စရာလဲမရှိဘူးလေ။ အာ တကယ်ပါပဲ ဘာလို့ အဲ့ဟာမှလဲ.....အဲ့လိုဟာမျိုးက..........."
သူ့ဘာသာသူတိုးတိုးလေးပြောနေရင်း Han Yoojinက သူ့လက်နှစ်ဖက်နဲ့ မျက်နှာကိုပွတ်လိုက်တယ်။ သူ့ရဲ့အမူအယာက တစ်စုံတစ်ခုကို အမှန်တကယ်မလုပ်ချင်တဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် သူဘာတွေလုပ်ဖို့ကြိုးစားနေတာလဲဆိုတာကို သိချင်စိတ်ဖြစ်ပေါ်လာစေတယ်။
"ခင်ဗျားသေချာပြောပြရင် ကျွန်တော်ကူညီနိုင်လောက်ပါတယ်"
"အကူအညီ......အမ် မလိုပါဘူး။ ဒီတိုင်းလေးပဲထိုင်နေပေးပါ။ ပြီးတော့ မရယ်နဲ့နော်။ ကျွန်တော့်ကို အရူးတစ်ယောက်လိုလဲ မဆက်ဆံနဲ့။ ဒီတိုင်းလေး ပုံမှန်အတိုင်း လေးလေးနက်နက်နဲ့ထိုင်နေ........ဟုတ်ပြီ"
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........