Part - 12

58 13 0
                                    

<ဒုတိယမြောက် Sအဆင့် (၁)>

ရာသီဥတုက မနေ့ကထက် နည်းနည်းပိုပူတယ်။ အခုကျွန်တော်က ရေခဲချောင်းတစ်ချောင်းကိုပါးစပ်ထဲကိုက်ထားရင်း မြောင်ဒုံဘူတာနားတစ်ဝိုက်ကို လိုက်ကြည့်နေတာလေ။

မြောင်ဒုံဘူတာနားက အကင်ဆိုင်။

အဲ့တာကလွဲရင် ရေခဲစုန်းမBak Yerimရဲ့ လက်ရှိနေထိုင်တဲ့နေရာကို ဖွင့်ပြောထားတာမျိုးမရှိတော့ဘူး။

"တစ်ဆိတ်လောက်...Bak Yerimဆိုတဲ့နာမည်နဲ့ကျောင်းသူတစ်ယောက် ဒီနားလေးမှာနေသလားဗျ"

"ဒီနားမှာအဲ့လိုနာမည်နဲ့လူတစ်ယောက်မှမရှိဘူး"

ဒီနေရာမှာလဲမရှိဘူးပဲ။ ကျွန်တော့်ဖုန်းထဲက မြေပုံပေါ်မှာ အမှားခြစ်လေးခြစ်လိုက်တယ်။ ဒီလမ်းမှာရှာကြည့်ပြီးပြီဆိုတော့ ဟိုဖက်ကိုသွားကြည့်ရမလား? ဒီနားတစ်ဝိုက်မှာ အကင်ဆိုင်တွေတော့ အတော်များသားပဲ။

ကျွန်တော်ဟိုကြည့်ဒီကြည့်ကြည့်လိုက်ပြီး လက်ကျန်ရေခဲချောင်းလေးကို ကိုက်စားလိုက်တယ်။ Kim Sunghanကတော့ အပူလွန်ပြီးသေသွားစေနိုင်တဲ့ ဝတ်စုံမျိုးဝတ်ပြီး ကျွန်တော့်နောက်ကနေလိုက်လာတယ်လေ။ အဆင့်မြင့်တဲ့Hunterတွေက မပူတတ်တာလား? ကျွန်တော်အဲ့ဒီလူကြီးကို Sအဆင့်ဖြစ်အောင်လုပ်ပေးချင်ပေမဲ့ ဘယ်ကစလုပ်ရမှန်းစဉ်းစားလို့တောင်မရသေးဘူး။

Yoo Myeongwooအလှည့်တုန်းကကျ ကျွန်တော်ကံကောင်းသွားတာလို့ပြောလို့ရတယ်။ ဒါပေမဲ့ ဒီလူကိုကျ ဘာဆင်ခြေသုံးပြီး ချစ်တယ်လို့ပြောရမလဲ? အရက်တူတူသောက်ဖို့ ခေါ်ကြည့်ရမလား?

'အရက်မူးလာရင် လူတိုင်းကိုဖွင့်ပြောတတ်တာက ကျွန်တော့်အကျင့်ပါဆိုပြီး ကြိုပြောထားလိုက်ရင်ရော?'

ဒါပေါ့ ဒီတိုင်းပြောပြီးသွားရုံနဲ့လဲ မပြီးသေးဘူး။ တစ်ဖက်လူက တစ်စုံတစ်ခုခံစားသွားရဖို့လဲလိုသေးတယ်။ အဲ့တော့ သူနဲ့ပိုပြီးရင်းနှီးလာအောင်လုပ်ဖို့က ပထမဦးစားပေးပဲ။ ဘယ်လိုလုပ်ရင် ပိုရင်းနှီးလာနိုင်လဲ? အရက်တူတူသောက်လိုက်ရင်လား....ဒီနည်းတစ်ခုပဲရှိတာပဲ။ သူကအရက်သောက်ရတာကိုရော ကြိုက်ရဲ့လား?

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now