String
Part 4
Jin မိဘမဲ့ ဂေဟာကို တစ်ရက်သွားပြီးကတည်းက အလုပ်တွေရှုပ်နေတာကြောင့် ထပ်မရောက်ဖြစ် ..... ဒီနေ့တော့ နည်းနည်းအလုပ်နည်းသွားတာကြောင့် မိဘမဲ့ ဂေဟာဘက်သို့ ထွက်လာခဲ့၏။ သူ ရောက်တော့ Soon Young ကိုလိုက်ရှာပေမယ့် ဘယ်လိုမှ မတွေ့ .... နောက်ဆုံး မနေနိုင်လို့ ဂေဟာမှူးကို မေးလိုက်မှ သူမက Seoul ပြန်သွားပြီတဲ့...... Jin အားအင်တွေ ယုတ်လျော့သွားသလို ခံစားလိုက်ရ၏။ သူမျှော်လင့်ထားတာက သူမကို ဒီနေ့တွေ့ရမယ်..... ပြီးတော့ သူ Kim Seokjin ဆိုတာကိုလည်း ပြောပြမယ် လို့တွေးကာ ပျော်နေမိတာ အခု Soon Young က ပြန်သွားတော့ သူ့မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရသည်။
Seoul မှာ သူမနဲ့ဆုံဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ ...... Jin သက်ပြင်းချပြီး မိဘမဲ့ဂေဟာလေးကို ကျောခိုင်းကာ စက်ရုံသို့ပြန်လာခဲ့၏။
"ဒီနေ့ သူဌေးလေး ကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပဲ နေမကောင်းဘူးလား"
နေ့လည်စာစားဖို့ ပြင်ဆင်ပေးရင်း မေးလာတဲ့ စက်ရုံမှူးရဲ့ စကားကြောင့် Jin စက်ရုံမှူးကို အသာလေးပြန်ပြုံးပြလိုက်မိသည်။ သူ့ခေါင်းထဲမှာ Seoul ရောက်ရင် Soon Young နဲ့ပြန်ဆုံအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အတွေးက စိုးမိုးလျက် .......
"Soon Young ပြန်သွားပြီတဲ့လေ .... ကျွန်တော် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ .... သူနဲ့ ထပ်တွေ့ခွင့်ရှိပါ့ဦးမလား မသိဘူး"
"သူဌေးလေးကလည်း အားလျော့နေလိုက်တာ သူဌေးလေး မဟုတ်တဲ့ အတိုင်းပဲ .... ပြန်ရှာလို့ ရနေတာပဲ ..... စိတ်မပူပါနဲ့ ပြန်ဆုံမှာပါ .... Seoul မှာ မဆုံလည်း ဒေါက်တာ ဒီကိုရောက်တယ်ဆို ဦးလေး ဖုန်းဆက်ပေးရင် ရတာပဲ .... သူဌေးလေး လာခဲ့ပေါ့"
စက်ရုံမှူး စကားကြောင့် Jin အားတက်သွား၏။
"ဟုတ်သားပဲ ဒါကို ဘာလို့ကျွန်တော် မတွေးမိတာပါလိမ့် ... ကျေးဇူးတင်ပါတယ် ဦးလေး ...." လို့ပြောကာ သူ့ရှေ့က နေ့လည်စာကို အားရပါးရ စားလိုက်၏။ စက်ရုံမှူးကတော့ သူ့ကိုကြည့်ကာ ရယ်လျက် ....