String
Part 5
Park အိမ်ရဲ့ မနက်စာ ထမင်းဝိုင်းက ခါတိုင်းနှင့် မတူဘဲ တိတ်ဆိတ် လို့နေသည်။ Mr.Park နှင့် Mrs.Park ကတော့ မနေ့က ပြန်ရောက်ပြီးကတည်းက အချင်းချင်း စကားတစ်ခွန်းမှ မပြောတဲ့ သားနှစ်ယောက်ကို အကဲခတ်နေကြ၏။ သူတို့ ညီအစ်ကို နှစ်ယောက် ဒီလိုမျိုး စကားမပြောတာ တခါမှ မမြင်ဖူးတဲ့ မိဘ နှစ်ပါး အတွက် အထူးအဆန်း ဖြစ်လို့နေလေသည်။
"မင်းတို့ နှစ်ယောက်ဘယ်လို ဖြစ်နေကြတာလဲ .... မနေ့က ပြန်လာပြီးကတည်းက စကားမပြောတာ အခုထက်ထိပဲ ... ရန်ဖြစ်ထားကြတာလား"
"မဟုတ်ပါဘူး ... အဖေ"
Mr.Park ၏ အမေးကို ပြိုင်တူ ဖြေကာ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်မိ၏။
"အဲ့ဒါဆို ဘာလို့ စကားမပြောကြတာလဲ"
"ကျွန်တော် နယ်ကပြန်လာပြီး နည်းနည်းပင်ပန်းသွားလို့ပါ အဖေ"
"ကျွန်တော်လည်း အလုပ်အသစ် စစဝင်ချင်းမို့ ပင်ပန်းနေလို့ပါ"
"အင်း ..... ဆင်ခြေတွေကတော့ ဟုတ်နေတာပဲ ..... ဒီညီအစ်ကိုလေး နှစ်ယောက်ရှိတာ တည့်အောင်နေကြကွာ"
"ကျွန်တော်တို့ ရန်ဖြစ်ထားတာ မဟုတ်ပါဘူး .... ဟုတ်တယ် မဟုတ်လား Hyung"
"ညီ ပြောတဲ့ အတိုင်းပါပဲ"
Mr.Park သိပ်တော့ မကျေနပ်ပေမယ့် ညီအစ်ကို နှစ်ယောက် အတိုင်အဖောက် ညီနေသည်မို့ ဘာမှဆက်မပြောတော့ဘဲ ထားလိုက်၏။
Jin အလုပ်သွားဖို့ ကားထုတ်ရန် ကြည့်လိုက်တော့ ကားပေါ်မှာ အသင့်ထိုင်နေတဲ့ သူ့ညီကိုတွေ့လိုက်ရ၏။
"Hyung ဒီနေ့ ညီ့ ကိုလိုက်ပို့ပေး"
Jin ပြုံးကာ ခေါင်းညိမ့်ပြီး ကားမောင်းသူ နေရာဝင်ထိုင်လိုက်သည်။ ကားမောင်းနေရင်းမှ မနေ့က ကိစ္စ အကြောင်း စကားပြန်ဆက်ချင်ပေမယ့် ဘယ်လို အစပြန်ဖော်ရမှန်း မသိ ဖြစ်နေစဉ်မှာပင် Jimin က
"မနေ့က ကိစ္စ ကြောင့် ...... Hyung .... ညီ့ကို စိတ်ဆိုးနေတာလား"
"ညီ့ကို စိတ်မဆိုးပါဘူး .... ညီ မှန်ပါတယ် ..... ညီက Hyung အတွက်ရော မိသားစု အတွက်ပါ ကြည့်ပြီးပြောခဲ့တာပဲလေ ..... ဒါပေမယ့် ညီ .... Soon Young ကိုစောင့်ကြည့်ပေးစေချင်တယ် ..... Hyung သိသလောက်ကတော့ Soon Young က အရမ်းဆိုးတဲ့ မိန်းကလေးမဟုတ်ပါဘူး ..... အကြောင်းအရင်း တစ်ခုခုကြောင့် ဒီလိုပုံစံဖြစ်နေတာလို့ Hyung ထင်တယ်"