String (Part 10)

209 24 0
                                    

String

Part 10

ညနေစောင်း Chal Lin အပြင်က ပြန်လာစဉ် သူမရဲ့ ခေါင်မိုးထပ်တိုက်ခန်းလေး ရှေ့မှာ ရပ်စောင့် နေတဲ့ သူ တစ်ယောက်ကြောင့် အံ့အားသင့် သွားရသလို လန့်လည်း လန့်သွားမိသည်။ သူမ သူ့ကိုကျော်၍ အိမ်ဘက်ကို ကြည့်လိုက်မိ၏။ အိမ်ထဲမှာ Taehyung တော့ရှိပုံ မရချေ။ သူမ သက်ပြင်းလေး ခိုးချလိုက်ကာ

"ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ"

"ဒီလိုပဲ မေးမြန်းပြီးရောက်လာတာ ...... မင်းကို ဖိနပ်အစားပြန်ပေးမလို့"

Jimin က ပြောပြော ဆိုဆိုနှင့် သူ့လက်ထဲက ဖိနပ်ဘူးကို သူမဆီ ကမ်းပေးလိုက်ရင်း သူမ ခြေထောက်ကိုကြည့်ကာ

"အဆင်ပြေမယ်ထင်တာပဲ ...... မင်း စီးတဲ့ size က 235 မဟုတ်လား"

"ရှင်က ကျွန်မ ဖိနပ် size ကို ဘယ်လို သိတာလဲ"

"ဟိုတစ်ခါ မင်းခြေထောက်မှာ ဒါဏ်ရာရ ကတည်းက"

"ကျွန်မ ခြေထောက် ဒါဏ်ရာ ??? arrr သိပြီ ...... ရှင်နဲ့ စတွေ့တုန်းက ...... wow ရှင််တော်တော် ဉာဏ်ကောင်းတာပဲ ကျွန်မတောင် မေ့နေတာ"

"သိသားပဲ မင်းက အစကတည်းက မှတ်ဉာဏ် မကောင်းဘူး ဆိုတာ ...."

Jimin က နှာခေါင်း ရှုံ့ကာ ပြောလိုက်တော့ သူမ မျက်စောင်းထိုးလိုက်မိသည်။

"ရှင်နော် ...... စကား အကောင်းပြောနေရင်းက မဖောက်လာနဲ့"

"မဟုတ်လို့လား ..."

"မဟုတ်ဘူး ......တော်ပြီ ရှင်နဲ့ စကားဆက်မပြောတော့ဘူး ...... ဖိနပ်လာပေးတာ မဟုတ်လား ...... ပြီးရင်ပြန်တော့"

"Yah!!! နင် ငါ့ကို နှင်နေတာလား ...... ကြည့် ... ဖိနပ်ဝယ်ပေးတာမှ ကျေးဇူးမတင်"

"ကျေးဇူးတင်စရာ လိုလို့လား ...... ကျွန်မ ဖိနပ်က ရှင့်ကြောင့် ပြတ်သွားတာလေ"

နှစ်ယောက်သား အခြေအတင်ပြောနေရင်းမှ ရယ်လိုက်တဲ့ Jimin ကြောင့် Chal Lin အူကြောင်ကြောင်

ဖြစ်သွားလေသည်။

"ဘာလို့ရယ်တာလဲ"

"မင်း စိတ်ဆိုးနေတာက ရယ်ရ လို့လေ ...... နှုတ်ခမ်းက ထော်ပြီး မျက်နှာက ပုတ်သိုးနေတာပဲ"

String [Completed]Where stories live. Discover now