String (Part 20)

176 22 0
                                    

String

Part 20

အဖေက နယ်က ပန်းခင်းရှိတဲ့ အိမ်လေးကို ပြန်သွားတာကြောင့် အိမ်ကြီး တစ်လုံးတည်းတွင် သူမနှင့် အိမ်အကူ အဒေါ်ကြီးတစ်ယောက် … Yoon Jaung လို့ခေါ်တဲ့ သူမထက် ငါးနှစ်လောက်ငယ်မယ့် ကောင်မလေး တစ်ယောက် … အစောင့်နှစ်ယောက်သာ ကျန်ခဲ့လေသည်။ အိမ်အကူ အဒေါ်ကြီးက အေးအေးနေတတ်သူမို့ လုပ်စရာရှိတာကိုလုပ်ပြီး စကားသိပ်မပြောပေမယ့် ငယ်သူပီပီ သွက်သွက်လက်လက် ရှိလှတဲ့ Yoon Jaung ကတော့ သူမ အတွက် စကားပြောဖော် ရလေသည်။ အခုလည်း Ji Na အိပ်ယာက ထပြီး အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာ သန့်ရှင်းရေး လုပ်နေတဲ့ Yoon Jaung က ……

"မမလေး …… ဒီနေ့အားရင် ဒီနားကို လျှောက်သွားကြည့်ရအောင်လေ …… Yoon ဒီရောက်ပြီး ကတည်းက ဘယ်မှလည်း မသွားရတော့ ပျင်းနေပြီ …… ပြီးတော့ မမလေး အလုပ်သွားရရင် သွားနိုင်တော့မှာ မဟုတ်ဘူးလေ …… နော် မမလေး နော်……"

သူမကို ကလေးလေး တစ်ယောက်လို ချွဲနေတဲ့ Yoon ကိုကြည့်ကာ ပြုံးလိုက်ရင်း ……

"အင်းးး …… ကောင်းသားပဲ သွားတာပေါ့…… မမ လည်း အိမ်ထဲမှာ နေရတာ ငြီးငွေ့နေပြီ"

"yayyy …… ဒါမှ တို့ မမလေး ကွ"

"Yoon …… မမလေးကို ဘာတွေ ပူစာနေပြန်တာလဲ"

မီးဖိုခန်းထဲကထွက်လာတဲ့ Arjuma လက်ကို Yoon ပြေးချိတ်လိုက်ရင်း

"ဘာမှမဟုတ်ပါဘူး … မမလေးကို အပြင်သွားရအောင် ပြောနေတာ …… အိမ်ထဲမှာ ချည်းပဲနေတော့ မမလေးလည်း ပျင်းနေမှာပေါ့ …… ဟုတ်တယ်နော် မမလေး"

Yoon Jaung  က သူမ ဆီကပါ ထောက်ခံချက် ယူလို့နေသည်။

"ဟုတ်တယ် Arjuma ရဲ့ ……Yoon နဲ့ ဒီနားပတ်ဝန်းကျင် လျှောက်ကြည့်မလားလို့ Arjuma လည်းလိုက်ခဲ့လေ"

"နေပါစေ Arjuma က အမြဲတမ်းစျေးသွားနေကျဆိုတော့ မမလေးတို့ပဲ သွားလိုက်ပါ …… ဒီတခါ Arjuma အိမ်စောင့် အလှည့်ပေါ့"

"ဒါဆို မမလေး …… မနက်စာ စားပြီးရင် Yoon တို့ သွားကြရအောင်လေ …"

သူမ ခေါင်းငြိမ့်ပြရင်း မနက်စာစားရန် ထမင်းစားခန်းထဲ ဝင်ခဲ့၏။ သူမတို့ သုံးယောက် အတူတူ မနက်စာစားပြီးတော့ သူမနဲ့ Yoon … အိမ်နားက Market ဆီသို့ လမ်းလျှောက်ထွက်လာခဲ့၏။

String [Completed]Where stories live. Discover now