String ( unicode)
Part 2
မနေ့က ညည့်နက်သွားတဲ့ အရှိန်ကြောင့် Jin ခေါင်းမကြည်စွာဖြင့် အိပ်ရာမှနိုးထလာခဲ့လေသည်။ နေသိပ်မကောင်းချင် သလိုဖြစ်နေပေမယ့် စက်ရုံကို လာပါ့မယ်လို့ ပြောထားပြီးတာကြောင့် သူ ရေမိုးချိုး ပြင်ဆင်ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့၏။ အောက်ထပ်ရောက်တော့ ထမင်းဝိုင်းမှာ မိသားစုအားလုံးပင် စုံနေလေသည်။ သူ ဝင်ထိုင်လိုက်တော့ Jimin က ဆရာဝန်ပီပီ ...
"Hyung ကြည့်ရတာ နေသိပ်မကောင်းသလိုပဲ နယ်သွားလို့ဖြစ်ပါ့မလား"
Jimin စကားကြောင့် အဖေနဲ့အမေ ပါ သူ့ကို ကြည့်လာသည်။
"သားကြီး နေမကောင်းရင်လည်း မသွားနဲ့လေ ယောက်ျားကလည်း ကလေးကို မတရားစွတ်ခိုင်းနေတော့တာပဲ"
အမေက သူ့ကိုပြောရင်း အဖေ့ကိုပါ လှည့်အပြစ်တင်လေ၏။
"ငါလည်း အတင်းမခိုင်းရပါဘူး မင်း သားက သူ့ဟာသူ အလုပ်လောဘ ကြီးနေတာ"
"အမေကလည်း အဖေ့ ကို အပြစ်မတင်ပါနဲ့ စက်ရုံတွေက စစ်ဆေးဖို့လိုလို့ သားသွားတာပါ နောက်ပြီး သူတို့ဘက်ကိုလည်း လာမယ်လို့ ပြောထားပြီး မသွားတော့ မကောင်းဘူးလေ သားလည်း ဘာမှဖြစ်တာမဟုတ်ပါဘူး မနေ့ညက အအေးလည်း နည်းနည်း မိသွားရုံပါ"
"တွေ့လား အဲ့မှာကြည့် မင်း သားက ပြောထားပြီးရင် မရဘူး"
"အဲ့ဒါဆိုလည်း သားငယ် မင်းအစ်ကို ကို ဆေးလေးဘာလေး ထည့်ပေးလိုက်"
"ဟုတ်ကဲ့ အမေ"
မနက်စာ စားပြီး မသွားခင် အထိ အမေက မှာလို့မဆုံးတော့။ Jimin က
"တော်ပါတော့ အမေရယ် Hyung က ကလေးမှ မဟုတ်တာ အမေမှာတာတွေ နားထောင်နေတာနဲ့ Hyung နောက်ကျနေဦးမယ်......မြန်မြန်လာ Hyung ..... ညီ လိုက်ပို့ပေးမယ်"
ညီအစ်ကို နှစ်ယောက်သား အဖေနဲ့အမေကို နှုတ်ဆက်ကာ ထွက်ခဲ့ကြတော့သည်။ မိဘတွေကတော့ သူတို့ညီအစ်ကို နှစ်ယောက်ထွက်သွားတာကို ကြည့်ရင်း တပြုံးပြုံးနှင့်ကျန်ခဲ့တော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Jin Hyung ကို ဘူတာရုံသို့လိုက်ပို့ပေးပြီး Jimin သူ့ကောင်မလေး Soo Mi ဆီဖုန်းခေါ်လိုက်၏။
ANDA SEDANG MEMBACA
String [Completed]
Fiksyen PeminatDo you believe???? There is a string between us.
![String [Completed]](https://img.wattpad.com/cover/69627677-64-k437257.jpg)