String
Part 32
"ကိုယ်တို့ လက်ထပ်ကြရအောင် Soon"
အိမ်ရှေ့မှာ ကား တုံ့ကနဲရပ်သွားသည် နှင့်အတူ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်လာတဲ့ သူ့ရဲ့ စကားသံကြောင့် Soon Young သူ့ဘက်ကို လှည့်ကြည့်လိုက်မိသည်။
"ကိုယ် ဆုံးဖြတ်ပြီးပြီ ...... ကိုယ်တို့ နှစ်ယောက် အမြန်ဆုံး လက်ထပ်ကြရအောင် ...... ပြီးရင် ဒီကနေ အဝေးဆုံးတစ်နေရာကို သွားပြီး အေးအေး ဆေးဆေးနေရအောင် ...... တကယ်တော့ လက်စားချေတယ်ဆိုတာ ပူလောင်တယ် ...... သူများကို လက်စားမချေနိုင်ခင်မှာ ကိုယ်က အရင်ဆုံးပူလောင်ရတယ် ...... အခုကြည့် Soon မှာ ဒီအစီအစဉ်တွေ အတွက် ဘယ်လောက်တောင် စိတ်ပင်ပန်းခဲ့ရလဲ ... အခု အဲ့ဒါတွေ အားလုံး တော်သင့်ပြီလို့ ကိုယ်ထင်တယ်"
သူ့ စကားလုံးတိုင်းမှာ လေးနက်မှုတွေပါဝင်နေတယ် ဆိုတာ သူမ ခံစားမိသည်။ သူ့စကားကို နားထောင်နေတဲ့ အခိုက်အတန့်လေးမှာတောင် အားလုံးပြီးဆုံးသွားပြီး အေးချမ်းသွားသလို ခံစားရ၏။ ဒါပေမယ့် သူပြောသလို ဒါတွေကို ရပ်တန့်ပစ်ဖို့ ဆိုတာက သူမ အတွက် အရမ်းခက်ခဲလွန်းနေသည်။ သူမတို့မိသားစု အပေါ် သူတို့ ကျူးလွန်ထားတဲ့ အပြစ်တွေကို ဒီအတိုင်း လျစ်လျူရှုဖို့ ဆိုတာ မဖြစ်နိုင် ......
"Soon အတွက် ခက်ခဲနေမယ် ဆိုတာ ကိုယ်နားလည်ပါတယ် ...... သူတို့ကို ခွင့်လွှတ်ပေးလိုက်ဖို့ကို မဆိုလိုပါဘူး ...... Soon ဒီကိစ္စတွေကို ဆက်မလုပ်ဖို့ပဲ ကိုယ်တောင်းဆိုချင်တာ ...... Soon မဟုတ်ရင်တောင် အခြားသူတွေက သူတို့ရဲ့ ယုတ်မာမှုတွေကို ရပ်တန့်ပစ်ဖို့ လုပ်နေကြပြီပဲ ...... ကိုယ်ကတော့ Soon ကို ဒါတွေကို ဆက်မလုပ်စေချင်ဘူး ...... Soon အတွက် အန္တရာယ်များတယ် ... ကိုယ် Soon ကို ပထမအကြိမ် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပြီးပြီ ဒီတစ်ကြိမ်သာ အဲ့့လိုထပ်ဖြစ်ခဲ့မယ်ဆို ကိုယ်ရူးသွားလိမ့်မယ် ...... ကိုယ့်ဘက်ကိုလည်း ပြန်ကြည့်ပေးပါဦးကွာ"
သူမ ဘာမှပြန်မဖြေမိ ...... သူမ ခေါင်းထဲမှာ အတွေးပေါင်းများစွာက ရှုပ်ယှက်ခတ်စွာ ပြေးလွှားနေလေသည်။ ဒီအချိန်မှာ သူမ ဘယ်လို ဆုံးဖြတ်သင့်လဲ ဆိုတာ သူမ မတွေးတတ်တော့ ...
![](https://img.wattpad.com/cover/69627677-288-k437257.jpg)