String
Part 6
"Shin Soon Young နင် လုပ်လိုက်တာ အခုဘယ်လိုဖြစ်ကုန် ပြီလဲ သိလား ..... ပြီးတော့ Park Jimin ....... မင်းတို့ နှစ်ယောက်ကြောင့် အခုဆေးရုံ တရားစွဲခံရတော့မယ်"
ဟိုနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ဆေးရုံအုပ်ကြီး ခေါ်ဆူနေတာကြောင့် Soon Young ခေါင်းကို ငုံ့ကာ ငြိမ်နေသော်လည်း Jimin က
"ဆရာကလည်း ..... တရားစွဲတော့ ကောင်းတာပေါ့ .... အဲ့ဒါမှ အမှန်တရားကို သိမှာ .... အခု ကိစ္စမှာ ကျွန်တော်တို့ဘက်က ဘာအမှားမှ မရှိဘူး"
"တိတ်စမ်း .... မင်း နားမလည်ဘဲ ဝင်ပြောမနေနဲ့ .... Soon Young ရဲ့ကုသမှုမှာ အမှားမရှိဘူးပဲထား .... မင်း လုပ်လိုက်တာ ဘယ်လောက် ဆိုးရွားလဲ မင်းသိလား ...."
"ဒါကတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက် ကို ကူညီတာပဲ ..... မဟုတ်ရင် သူကြောင့် Soon Young သေမှာကို ထိုင်ကြည့်နေရမှာလား"
"Park Jimin ..... မင်း .... တစ်ခွန်းမကျန် ပြန်ပြောနေတာလား"
"မဟုတ်ပါဘူး .... ဆရာ .... ကျွန်တော့် လုပ်ရပ်မမှားကြောင်းပြောပြတာပါ .... တကယ်ဆို သူ Soon Young ကို ဘာမှမပြောသင့်ဘူး ..... သူ့သမီး သေရတာလည်း သူ့ကြောင့်ပဲ .... အဲ့ဒါကို သူက ..."
Jimin လေသံက တဖြည်းဖြည်း ဒေါသသံထွက်လာကြောင့် Soon Young သူ့လက်ကို ဆွဲကာ ဆက်မပြောဖို့ မျက်ရိပ်ပြလိုက်ပြီး
"ကျွန်မတောင်းပန်ပါတယ် ဆရာ ....... သူ့ကိုလည်း ကျေနပ်တဲ့ အထိ တောင်းပန်လိုက်ပါ့မယ်"
"Yah!!! Shin Soon Young!! ..... နင် ရူးနေလား ... ဒီကိစ္စမှာ နင့်အမှားမှ မရှိတာ"
Soon Young ကတော့ Jimin ပြောတာကို ဂရုမစိုက်ဘဲ ဆေးရုံအုပ်ကြီး ဘာထပ်ပြောမလဲ ဆိုတာကိုသာ ဆက်နားထောင်နေလေသည်။ ဆေးရုံ အုပ်ကြီးက ခေတ္တစဉ်းစားနေပြီးတော့မှ
"အင်း .... မနက်ဖြန် ဂျူတီ မရှိဘူး မဟုတ်လား .... သွားတောင်းပန်လိုက် .... သူ့ကို ကျေနပ်အောင် တောင်းပန်ခဲ့ .... Jimin .... မင်းပါလိုက်သွား"
"ဗျာ..... ဆရာ ..... ကျွန်တော်...."
"Park Jimin ..... ငါ ဘာမှထပ်မကြားချင်ဘူး ..... မင်း တောင်းပန်ရင်တောင်းပန် မဟုတ်ရင်တော့ မနက်ဖြန် အလုပ်ကထွက်လိုက်တော့"