String (Part 25)

196 20 0
                                        

String

Part 25

အခြားနေ့များထက် ထူခြားစွာပင် Jin ရုံးကို အစောကြီးရောက်နေမိလေသည်။ သူ့လက်က လက်ပတ်နာရီကို ကြည့်တော့ အခုမှ နာရီလက်တံက ခုနစ်နာရီပင် မရှိသေး ...... ဒီအချိန် ဘယ်ဝန်ထမ်းက အကြောင်းကိစ္စမရှိဘဲ ရုံးရောက်နေမှာလဲ ...... Jin တစ်ကိုယ်တည်း အပြစ်တင်လိုက်မိ၏။ တကယ်တော့ သူကိုက စိတ်စောနေမိတာ ...... ညကလည်း သူ ဘယ်လိုမှ အိပ်မပျော် ...... Soon Young နဲ့ စတွေ့တဲ့ အချိန်ကစလို့ အခု Ji Na နဲ့ တွေ့တဲ့ အချိန်အထိ အကြောင်းတွေကိုသာ ထပ်တလဲလဲ စဉ်းစားနေမိသည်။ ရှစ်နာရီလောက်ရောက်တော့ သူ့ရုံးခန်းထဲကနေ ထွက်လာကာ Company အဝင်ဝမှာ ရပ်နေလိုက်သည်။ တဖွဲဖွဲနှင့် ရောက်လာတဲ့ ဝန်ထမ်းတွေကတော့ ထူးခြားနေတဲ့ သူ့ကို ကြည့်ကာ နှုတ်ဆက်သွားကြလေသည်။ တကယ်ဆို Chal Lin ကို သူ့ရုံးခန်းထဲ ခေါ်တွေ့ရင် ရလျှက်သားနှင့်ပင် အခုလိုရပ်စောင့်နေမိတာ ...... ခဏနေတော့ ခပ်လှမ်းလှမ်းက လမ်းလျှောက်လာတဲ့ Chal Lin ကိုတွေ့လိုက်ရလေသည်။

"Chal Lin shi!!"

ရုတ်တရက်တွေ့လိုက်လို့ နှုတ်ဆက်တဲ့ပုံ မဟုတ်ဘဲ တမင်ရပ်စောင့်နေသည့် သူ့ကို Chal Lin အံ့သြစွာကြည့်လျှက်

"nae ...... သူဌေး ..."

"ကျွန်တော်နဲ့ အပြင်ခဏလောက်လိုက်ခဲ့ပါလား ...... မေးစရာလေးတွေရှိလို့"

သူ ပြောပြီး Company နှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ Coffee ဆိုင်ဖက်သို့ ခပ်သုတ်သုတ်ပင် ထွက်ခဲ့၏။ ဆိုင်ထဲရောက်တော့ ကော်ဖီနှစ်ခွက်မှာကာ Chal Lin ကို သူ့ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ထိုင်စေလျှက်

"Chal Lin ...... အခုချိန်က စပြီး ကျွန်တော့်ကို သူဌေးလို သဘောမထားဘဲ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားပေးပါ ..."

သူ စအချီလိုက်တဲ့ စကားကို Chal Lin က ကြောင်အမ်းအမ်း နှင့် ကြည့်လာလေသည်။

"အဲ့ဒါမှလည်း ကျွန်တော် အခုပြောမယ့် အကြောင်းတွေကို ပြောရတာ သက်တောင့် သက်သာရှိမှာ မို့လို့ပါ ...... တောင်းဆိုတာပါ"

Chal Lin က နားမလည်ခြင်းများစွာနှင့်ပင် သူ့ကိုခေါင်းငြိမ့်ပြလေသည်။

String [Completed]Место, где живут истории. Откройте их для себя