String
Part 15
"သူဌေး ခိုင်းထားတာတွေရပါပြီ"
Mr.Shin သူ့အတွင်းရေးမှူး ပေးလာတဲ့ File ကို လှန်ကြည့်လိုက်ရင်း
"ဒီကောင်လေး လုပ်နေတဲ့ Company က Hyeri တာဝန်ယူထားတဲ့ Project ကို လုပ်နေတဲ့ ဆောက်လုပ်ရေး Company မဟုတ်လား"
"ဟုတ်ပါတယ် ...... သူဌေး"
"သူနဲ့ Choi က ပတ်သက်မှုရှိနေတာလား"
"ကျွန်တော် သိရသလောက်တော့ သူက Choi နဲ့ လုပ်ငန်းအရ ပတ်သက်မှု မရှိပါဘူး ...... Choi ကို သာမာန် စိုက်ပျိုးရေးသမား တစ်ယောက်လို့ သိထားပုံရတယ်"
"Soon Young နဲ့ သူက ...... ချစ်သူတွေလား"
"ဟုတ်ပါတယ် ...... အခု Soon Young မမလေးကို Choi ဆီမှာ တွေ့လိုက်ရတာကလည်း သူတို့ ဒီအတိုင်း သွားလည်ကြပုံပဲ ...... သူဌေး ...... အခြား ထွေထွေထူးထူး ကိစ္စ မရှိလောက်ဘူးထင်တယ်"
"မင်း ...... အဲ့ဒါကို အာမခံနိုင်လို့လား"
"အဲ့ဒါကတော့ ......"
"မင်း သေချာမပြောနိုင်ဘူး မဟုတ်လား ...... သဘောရိုးနဲ့ပဲ တွေ့တွေ့ အခြား အကြောင်းကိစ္စကြောင့်ပဲ တွေ့တွေ့ ...... Soon Young က Choi နဲ့ လုံးဝတွေ့လို့ မဖြစ်ဘူး ......... သေချာစောင့်ကြည့်ထားပါ ...... ပြီးတော့ Japan က လူ share တွေ လိုက်ဝယ်နေတာရော ဘာထူးသေးလဲ"
"ဘာမှ မထူးသေးဘူး သူဌေး ...... Japan က စီးပွါးရေး သမားတစ်ယောက် ဆိုတာက လွဲပြီး အခြား ဘာမှ မသိရသေးဘူး"
"စဉ်းတော့ စဉ်းစားစရာပဲ ...... ဒါ အကြံအစည် တစ်ခုခုရှိနေပြီ ဆိုတာ သေချာတယ် ...... သူ့လက်ထဲကို ရှယ်ယာ ဘယ်လောက် ရာခိုင်နှုန်းလောက်ရောက်နေပြီလဲ ......"
"အနည်းဆုံး 40% ကျော်လောက်တော့ ဖြစ်မယ် ထင်တယ် သူဌေး"
"ဒါ ...... ဟိုလူတွေက သူ့ကိုယုံပြီးတော့ ရောင်းလိုက်ကြတာပေါ့ ...... တောက် ...... မင်း သေချာရအောင် စုံစမ်းလာခဲ့ ...... ဒီကိစ္စကို ဒီအတိုင်းဆက်ထားလို့ မဖြစ်တော့ဘူး ...... ကျန်တဲ့သူတွေကိုလည်း သူတို့ဘက် မပါအောင် စည်းရုံးထားရမယ်**
"ဟုတ်ကဲ့ ...... ကျွန်တော် စုံစမ်းပေးခဲ့ပါမယ်"
အတွင်းရေးမှူး ထွက်သွားပြီးသည့်တိုင်အောင် Mr.Shin ရုံးခန်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စဉ်းစားနေမိ၏။ ဒီ share ဝယ်တဲ့ ကိစ္စက သာမာန် မဟုတ်မှန်း သူ ကျိန်းသေသိနေသည်။ တစ်ချိန်တုန်းက သူကိုယ်တိုင်လည်း ဒီလို ကိစ္စမျိုးကို လုပ်ဖူး၏။ သူ စဉ်းစားရင်းမှ တစ်စုံတစ်ခုကို ဖြတ်ကနဲ သတိရမိလိုက်လေသည်။