String ( Part 7)

210 25 0
                                    

String

Part 7

သူ Soon Young ကို ချစ်တယ် လို့ပြောလိုက်မိတဲ့ နေ့ကစပြီး Jin hyung သူ့ကို စကားကောင်းကောင်း မပြောတော့မှန်း Jimin သတိထားမိသည်။ တကယ်တော့ သူ Jin hyung ကို နည်းနည်းဆွပေးလိုက်ခြင်းသာ …… ဒါပေမယ့် သူ ဆွတာ နည်းနည်း လွန်သွားမိသည် ထင်သည်။ အစက Soon Young နဲ့ Jin hyung ကို သဘောမတူနိုင်ဘဲ အတင်းငြင်းမိပေမယ့် ဒီရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ ကိစ္စရယ် …… Soon Young နဲ့ နည်းနည်း ရင်းနှီးလာတာရယ်ကြောင့် Soon Young က သူထင်ထား သလောက်မဆိုးမှန်း သတိထားမိလာသည်။ ဒါပေမယ့်လည်း Hyung ပုံစံနဲ့ သာဆိုရင် သူတို့နှစ်ယောက်ဇာတ်လမ်းက ဒီအတိုင်းသွားတော့မှာမို့ …… သူ ကူညီပေးဖို့ပါ ဆုံးဖြတ်လိုက်မိသည်။

ဒီနေ့ နေ့လည်ပိုင်း Jimin အားနေတာကြောင့် Hyung နှင့် နေ့လည်စာ အတူစားရန် Company ဘက်သို့ ထွက်လာခဲ့၏။ Hyung အခန်းရှေ့ရောက်တော့ Jimin တံခါးခေါက်ရန် ပြင်နေစဉ် အခန်းပြင်က hyung အတွင်းရေးမှူး ဖြစ်ဟန်တူတဲ့ ကောင်မလေး တစ်ယောက်က

"ဒီမှာရှင့် … ဘာကိစ္စရှိလို့လည်း မသိဘူး"

Jimin သူမကိုတွေ့တော့ အံ့သြသွားရသည်။ ဟိုတခါက သူ့ကားကို စက်ဘီးနဲ့ ဝင်တိုက်တဲ့ ကောင်မလေး …… သူမကတော့ သူ့ကို မှတ်မိပုံ မရချေ…… Jimin လည်း စချင်သွားတာကြောင့်

"MD နဲ့ တွေ့ချင်လို့ပါ"

သူပြောလိုက်တော့ သူမက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ

"MD နဲ့ တွေ့ဖို့ကြိုချိန်းထားလို့လား …… နာမည်က"

"Park Jimin ပါ …… MD နဲ့တွေ့ဖို့က ကြိုချိန်းရတာလား … ကျွန်တော် မသိလို့ မချိန်းမိဘူး …… အခုရုံးခန်းရှေ့တောင် ရောက်နေပြီပဲ ဒီအတိုင်း ဝင်တွေ့လို့ မရဘူးလား"

"ကြိုမချိန်းဘဲ နဲ့ ဝင်တွေ့လို့ မရဘူး ရှင့် … "

"ကျွန်တော် အရေးကြီး လို့ပါဗျာ …… အထဲမှာရှိတယ် မဟုတ်လား …… ဝင်သွားလိုက်မယ်နော်"

Jimin ပြောပြော ဆိုဆိုနှင့် တံခါးဆွဲဖွင့်ကာ ဝင်လိုက်တော့ သူမက ပြာပြာသလဲဖြင့် အနောက်က လိုက်လာလေသည်။

String [Completed]Donde viven las historias. Descúbrelo ahora