String
Part 31
"Jimin ...... နင် ပြောတာ တကယ်နော် ... ငါ ...... ငါ ဘယ်လို ဝမ်းသာမှန်း မသိဘူး"
ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျလာတဲ့ Hae Yoon ကို ကြည့်ကာ Jimin ပြုံးလိုက်မိသည်။ Ji Na က Soon Young ဆိုတာ သိရတာနှင့် Hae Yoon တစ်ယောက် သူ့ကိုတောင် မေ့သွားပုံရသည်။ ဟိုတစ်ယောက် ကတော့ သူမ အပေါ်မှာ ဘယ်လိုရှိလဲ မသိပေမယ့် သူမကတော့ Soon Young ကိုတော်တော်လေး ခင်မင်လေသည်။ ဒါမှမဟုတ် သူမကိုက အပေါင်းအသင်း မင်တာ ဖြစ်လိမ့်မည်။ Chal Lin နဲ့လည်း Chal Lin နဲ့ မို့လို့ တတွဲတွဲ ...
"ငါ သူ့ကို တွေ့လို့ရမလား Jimin ...... ငါ စကားတွေ အများကြီး ပြောချင်တယ်"
"အဲ့ဒါက အခုလောလောဆယ်တော့ မဖြစ်နိုင်ဘူးထင်တယ် ... သူက သူ Soon Young ဆိုတာကို ဘယ်သူမှ သိစေချင်ပုံ မရဘူး"
"Huh ...... ငါ့ သူငယ်ချင်းလေး ဘယ်လောက်တောင် စိတ်ပင်ပန်းနေလိုက်မလဲ ...... သနားပါတယ်"
ပြောနေရင်းမှ သူမ ငိုတော့ Jimin ချော့ရပြန်သည်။ ဒါတောင် သူမက ငိုလို့ မပြီး ...... သူ ပြောမိတာ မှားများမှား သွားပြီလားဟု စိတ်ထဲက တွေးမိလိုက်၏။ ကြာလာတော့ Jiminလည်း စိတ်ရှုပ်ရှုပ်ဖြင့် သူ့ဆံပင်တွေကို ဖွလိုက်ရင်း သူမကိုသာ ထိုင်ကြည့်နေမိတော့သည်။ ငိုနေတာတောင် ချစ်ဖို့တော့ အကောင်းသား ...... ဒီလို သူငယ်ချင်းအပေါ် သံယောဇဉ်ကြီးပြီး ချစ်တတ်သည့်လူမျိုး ရှားတော့ရှားသည်။
"Hae Yoon ...... နင် ငါ့ကိုရော အဲ့လိုမျိုး ချစ်လားဟင်"
အဆုံးအစမရှိ ဖြတ်မေးလိုက်တဲ့ သူ့ကြောင့် သူမ ငိုတာရပ်သွားကာ သူ့ဘက်သို့ လှည့်ကြည့်လာရင်း
"ဘာတွေမေးနေတာလဲ ...... တူမှမတူတာ ...... နင်ကနင် Soon က Soon ပဲကို ...... Soon က အရမ်းသနားဖို့ကောင်းတယ် သူ ဘယ်လောက်ထိ နှိပ်စက်ခံခဲ့ရလဲ ဆိုတာ ငါ အသိဆုံးပဲ ...... အဲ့လောက် ဖြစ်တာတောင် သူက ငါ့အကူအညီဆို ဘယ်တော့မှ လက်မခံဘူး ...... အခုလည်း သူ ဘယ်လောက်တောင် တစ်ယောက်တည်း ကြိတ်ခံစားနေဦးမှာ လည်းမသိဘူး ...... ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာ ရပ်တည်ပေးမယ့် သူတွေရှိနေတော့ သူ အဆင်ပြေမှာပါ"

KAMU SEDANG MEMBACA
String [Completed]
Fiksi PenggemarDo you believe???? There is a string between us.