String (Part 26)

177 19 0
                                        

String

Part 26

Director တွေအားလုံး စုံညီစွာ ရောက်နှင့်နေပြီဖြစ်တဲ့ အစည်းအဝေးခန်းထဲသို့ Ji Na အိန္ဒြေမပျက် တည်ငြိမ်စွာနှင့်ပင် လျှောက်လာခဲ့၏။ အစည်းအဝေးခန်းမထဲမှာ ရှိတဲ့သူ အားလုံးကတော့ သူမကို ကြည့်ကာ တီးတိုးစကားများ ဆိုလျှက်ရှိကြလေသည်။ Ji Na သူမ အတွက်ပေးထားတဲ့ နေရာမှာ ဝင်ထိုင်ရင်း Mr.Shin ကို ကြည့်မိတော့ သူ့ရဲ့ အောင်နိုင်ပြီဆိုတဲ့ အပြုံးမျိုးနှင့် ရင်ဆိုင်တွေ့လိုက်ရ၏။ သူမ သူ့ကို အဓိပ္ပါယ်ပါတဲ့ အပြုံးတစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်မိသည်။ အစည်းအဝေး က သူမ လုပ်နေတဲ့project ကိစ္စဖြစ်တာကြောင့် အားလုံးရဲ့ မျက်လုံးတွေက သူမဆီကိုသာ ဦးတည်နေလေသည်။

"Director Choi ......ဒီနေ့ အစည်းအဝေးခေါ်တဲ့ အကြောင်းအရင်းကို သိပါတယ်နော် ...... Director Choi အနေနဲ့ ... မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းချက် ပေးပြီး ...... ဘယ်လိုတာဝန် ယူမှာလဲ"

Mr.Shin ဆိုလိုက်တဲ့ စကားကြောင့် ခုနက မငြိမ်မသက်ဖြစ်နေတဲ့ လူအားလုံး ငြိမ်ကျသွားကာ သူမရဲ့အဖြေကို နားစွင့်ထောင်နေကြလေသည်။

"ဒီကိစ္စက Website ရေးပေးတဲ့ Company ရဲ့ အမှားဆိုတာ Delta ဘက်က ဖြေရှင်းချက်ထုတ်ခဲ့ ပြီးပြီ ဆိုတာ သိကြမှာပါ ...... ကျွန်မဆီက file ဘယ်လိုလုပ်ပြီး website ရေးတဲ့ Company ဘက်ကို ရောက်သွားလဲ ဆိုတာတော့ အဲ့ဒီ့ Company က Delta ရဲ့ website ကိုတာဝန်ယူထားတဲ့ တစ်ယောက်ကို ခေါ်ထားပါတယ် ...... သူ့ရဲ့ ဖြေရှင်းချက်ကို တစ်ချက်လောက် နားထောင်ပေးကြပါ ...... ပြီးမှ အခုကိစ္စအတွက် ကျွန်မ တာဝန်ယူပေးပါ့မယ်"

သူမ ပြောလိုက်တဲ့ စကားကြောင့် Mr.Shin ထိတ်ထိတ်ပြာပြာဖြစ်သွားကာ

"အဲ့လိုလုပ်လို့ ဘယ်ရမလဲ ...... ဒါက ငါတို့ Company တွင်း ကိစ္စ ဘာလို့ အခြားသူ တစ်ယောက်ရဲ့ ဖြေရှင်းချက်ကို နားထောင်ပေးရမှာလဲ ...... ငါ လုံးဝ ခွင့််မပြုနိုင်ဘူး ...... မင်း မဖြေရှင်းနိုင်လို့ တမင်ဉာဏ်များတာ မဟုတ်လား"

"သူက အခြားလူမဟုတ်ဘူး ...... ဒီကိစ္စရဲ့ အရင်းခံဆိုတော့...... သူ့ဆီကလည်း ဖြေရှင်းချက်ကို နားထောင်ဖို့ လိုမယ်ထင်တယ် ...... သူကလည်း သူကိုယ်တိုင် ရှင်းပြပါရစေလို့ ကျွန်မဆီကို ပြောလာလို့ပါ"

String [Completed]Место, где живут истории. Откройте их для себя