String (Part 28)

186 15 10
                                        

String

Part 28

Flash Back Start

Hae Yooon ပေးတဲ့ လိပ်စာအတိုင်း Soon Young ကို နောက်ဆုံးမြင်လိုက်တယ် ဆိုတဲ့ သူ ဆီသို့ Jin သွားမိသည်။ နယ်ကျဉ်းကျဉ်းလေးက အိမ်ဖြစ်တာကြောင့် သိပ်ပြီး ခက်ခက်ခဲခဲတော့ မရှာလိုက်ရပေ။ နာမည်ပြောလိုက်တာနှင့်တင် အလွယ်တကူ ရှာတွေ့သွား၏။ သူရောက်သွားတော့ အသက် 50 နီးပါးရှိတဲ့ ဦးလေးကြီးက အိမ်ရှေ့က ကွပ်ပျစ်လေးမှာ ထိုင်ကာ သူတို့ခြံထွက် သစ်သီးလေးတွေကို ကောင်းတဲ့ အသီးနှင့် မကောင်းတဲ့ အသီးခွဲနေလေသည်။

"ဒီမှာ ခင်ဗျ ...... ဒေါက်တာ Nam လွှတ်လိုက်လို့ပါ"

"aww ...... လာထိုင် ကောင်လေး ...... ဒေါက်တာ Nam နဲ့ ဟိုရက်က တွေ့တော့ ဒေါက်တာပြောပြတယ် ...... မင်းက ဘာသိချင်လို့လဲ"

"ဟို ...... ဦးလေး ပြောတဲ့ အက်ဆီးဒင့်မှာ အဲ့ ကောင်မလေးကို ခေါ်သွားတဲ့ လူနှစ်ယောက်ကို မြင်ရင် ဦးလေး သိနိုင်မလားလို့ပါ"

"အင်း ...... သေချာတော့ မပြောတတ်ဘူး ...... မင်းမှာ အဲ့လူတွေရဲ့ ပုံရှိလို့လား"

မျှော်လင့်ကြီးစွာဖြင့် Jin သူ့ ဆီမှာရှိတဲ့ Ji Na ရဲ့ သက်တော်စောင့်နှစ်ယောက်ပုံကို ထုတ်ပြလိုက်၏။

"ဒီလူတွေလား ဦးလေး"

ဦးလေးကြီးက မျက်မှောင်ကျုံ့လျှက် ပုံတွေကို သေချာကြည့်နေလေသည်။ သူကတော့ ဦးလေးကြီးဆီက အဖြေစကားကို စောင့်ရင်း ခြေဖျားလက်ဖျားတွေတောင် အေးလာသလို ခံစားမိ၏။

"အင်း ဟုတ်မယ် ထင်တယ် ...... ကောင်လေးရဲ့ ...... ဘာလို့ အပူတပြင်းလိုက်ရှာနေရတာလဲ"

"သူ ဘာတွေဖြစ်ခဲ့လဲ ကျွန်တော် သိချင်မိလို့ပါ"

"အေး သိချင်တာလည်း သိချင်တာပေါ့ကွာ ...... ဒါပေမယ့် သတိတော့ထားစေချင်တယ် ...... အခြားတော့မသိပေမယ့် ဒီ အက်ဆီးဒင့်က သာမာန် မဟုတ်ဘူးဆိုတော့ မင်းပါ အန္တရာယ် ရှိမှာ စိုးရိမ်လို့ပါ ...... ဒါမျိုးက drama တွေထဲမှာ ဖြစ်တတ်တယ် မဟုတ်လား ...... ကောင်မလေး သနားပါတယ်ကွာ ...... ဒါဏ်ရာလည်း သိပ်ဆိုးဆိုးဝါးဝါး မတွေ့တော့ အသက်ရှင်မယ်ပဲ ထင်ခဲ့တာ ...... "

String [Completed]Место, где живут истории. Откройте их для себя