String
Final
တစ်နှစ်ခန့်ကြာသော် .........
"Soon ...... ကိုယ် ဒီနေ့ ရေမွှေးနှင်းဆီ ယူလာတယ် ...... ကိုယ်တို့ခြံထဲကလေ Soon သိမှာပါ Soon အမေ့ကို လက်ဆောင်ပေးထားတဲ့ အပင်ကပဲ ...... အပင်တွေပွါးပြီး အိမ်မှာ အများကြီးပဲပွင့်နေပြီ ...... အရမ်းမွှေးတယ် မဟုတ်လား ... အမေက ဒီပန်းလေးတွေ မြင်တိုင်း Soon အကြောင်းကို ပြောမဆုံးဘူး"
ပန်းအိုးထဲကို သူ့လက်ထဲပါလာတဲ့ ပန်းစည်းလေး ထိုးပေးရင်း ကုတင်ပေါ်မှာ ငြိမ်သက်စွာလှဲလျောင်းနေတဲ့ သူမကို ကြည့်ကာ စကားလှမ်းပြောမိသည်။ သူမ ဒီအခြေအနေနဲ့ နေနေတာ ဘယ်လောက်ကြာနေပြီလဲ ...... ခေါင်းမှာရခဲ့တဲ့ ဒါဏ်ရာကို ခွဲစိတ်ပြီးကတည်းက သူမ Coma ရသွားခဲ့သည်။ သူမ ကို ဒီပုံစံနှင့် မြင်ရတိုင်း သူ့နှလုံးသား ကွဲကြေမတတ်နာကျင်ရပေမယ့် အနည်းဆုံးတော့ သူမ အသက်ရှင်နေသေးတာပဲလေ...... တစ်နေ့နေ့တော့ အရင်လို သူ့အနားမှာ ရှိနေတဲ့ သူမကို သူမြင်တွေ့ခွင့် ရဦးမှာပါ ...... Jin သူမ ဘေးနား ဝင်ထိုင်လိုက်ရင်း သူမ လက်လေးကို သူ့လက်ဖဝါးပေါ်တင်ကာ နမ်းရှိုက်လိုက်၏။ သူမ ခံစားမိမှာပါ သူရောက်နေတယ် ဆိုတာကိုလေ ......
သူမ လက်ချောင်းသွယ်သွယ်လေးတွေကို သူကြည့်မိတော့ လက်သည်းလေးတွေက အနည်းငယ် ရှည်စပြုနေလေသည်။ Jinလည်း သူ့အိတ်ထဲမှ လက်သည်းညှပ်ယူကာ သူမ လက်သည်းလေးတွေကို စိတ်ရှည်လက်ရှည် ညှပ်ပေးပြီး သူ့ရဲ့ တစ်နေ့တာ အကြောင်းတွေကို ဝေမျှပေးနေမိ၏။ သူမကို စောင့်ပေးမယ့် သူမတို့အိမ်က ကောင်မလေး Yoon ရှိပေမယ့်လည်း အလုပ်ပြန်တဲ့ အချိန် ... ညဘက်ပိုင်းတွေနဲ့ ရုံးပိတ်ရက်တွေ ကိုတော့ သူမ အနားမှာပဲ သူ အမြဲလိုလို နေဖြစ်ခဲ့သည်။ အရင်ကဆို သူမနဲ့သူ date တစ်ရက်လောက် လုပ်ဖို့ကို မနည်းအချိန်ညှိယူခဲ့ရသလောက် အခု အချိန်တိုင်းနီးပါး သူမ အနားမှာ ရှိနေနိုင်ပြီလေ ......
"arr ... ဒါနဲ့လေ ...... ညီညီ နဲ့ Taehyung တောင် ကလေးအဖေတွေ ဖြစ်ကြတော့မယ် သိလား ...... ဒီမနက်ပဲ သိရတာ ...... ကြည့်ပါဦး တိုက်တိုက်ဆိုင်ဆိုင်နော် ...... အဲ့ဒါကို သူတို့နှစ်ယောက်က ပြောနေကြသေးတယ် တစ်ယောက်က သမီးလေးမွေး တစ်ယောက်က သားလေးမွေးရင် ပေးစားကြမယ်တဲ့ ... တယ်လည်းလိုက်တဲ့ နှစ်ယောက် ...... အခုမှ ရုပ်လုံးတောင် မပေါ်သေးတဲ့ ကလေးတွေကို စိတ်ကူးယဉ်နေကြတာ ... Soon တော့ Soon သူငယ်ချင်းနှစ်ယောက်ကို ဗိုက်ဖုံး အကျင်္ီနဲ့ မကြာခင် တွေ့ရတော့မယ် ...... သူတို့လည်း လာကြဦးမယ်လို့ပြောတယ် ...... သူတို့ လာရင်တော့ Soon ပျင်းရမှာ မဟုတ်ဘူး ... တစ်ယောက် တစ်ပေါက်နဲ့ ဆူညံနေကြမှာ ..."