String
Part 8
"ညီမ ...... အမ ကို နှင်းဆီစိမ်း တစ်စည်းလောက် ပြင်ပေးပါလား"
Jin သူ့အမေ အတွက် ပန်းစည်းဝယ်ပေးပြီး ပြန်အထွက် ကြားလိုက်ရတဲ့ ရင်းနှီးနေတဲ့ အသံကြောင့် ပြန်လှည့်ကြည့်လိုက်မိသည်။ ဆိုင်ရှင် ကောင်မလေးက
"နှင်းဆီစိမ်း က ကုန်သွားပြီ အမ ...... ခုနလေးတင်ကပဲ ဝယ်သွားတာ အမ နည်းနည်းလေး နောက်ကျသွားတယ် အခြားပန်းတွေ ကြည့်ကြည့်ပါလား"
"အမ ကလည်း အမေ့နှစ်ပတ်လည်နေ့ မို့လို့ အဲ့ဒီ့ပန်းလေးပဲ လိုချင်တာ ...... ဒီနားမှာ အခြားဆိုင်များ ရှိဦးမလား ညီမ"
"အင်း ...... ဒီနားမှာတော့ ပန်းဆိုင်က ဒီတစ်ဆိုင်ပဲရှိတယ် ...... ဟိုဖက် သုံးလမ်း ကျော်လောက်မှာတော့ နောက်တစ်ဆိုင်ရှိပေမယ့် ဒီအချိန်ဖွင့် မဖွင့် သေချာမသိဘူး"
Soon Young နာရီကြည့်လိုက်တော့ ဆယ်နာရီပင် ခွဲနေပြီ ...... ဒီနေ့က အလုပ်များတာကြောင့် ဆေးရုံက ထွက်လာကတည်းက နောက်ကျနေခဲ့တာ ...... Soon Young ဘယ်လို လုပ်ရမှန်း မသိဖြစ်နေစဉ် သူမ နောက်ကျောဖက်ဆီမှ
"Soon Young shi!!"
"aww ...... ရှင် ......"
Soon Young နာမည်ခေါ်ဖို့ စဉ်းစားနေစဉ်
"Park Jin ပါ"
"nae"
"Soon Young ပန်းလာဝယ်တာလား"
"ဟုတ်တယ် ...... လိုချင်တဲ့ပန်း မရလို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားနေတာ"
"ခုနက ပြောတာကြားမိတယ် ...... နှင်းဆီစိမ်း မဟုတ်လား ......ကိုယ့် ပန်းစည်းယူလိုက်လေ ......"
"arrr...... နေပါစေ ...... ရှင်လည်း ပေးစရာရှိလို့ ဝယ်တာမဟုတ်လား ... ကျွန်မ အခြားတစ်ဆိုင်မှာပဲ ရှာဝယ်လိုက်ပါ့မယ်"
"ယူလိုက်ပါ Soon Young ...... ဒီအချိန်ဆိုရင် ပန်းဆိုင်တွေ့ဖို့ မလွယ်တော့ဘူး ...... ဒီဆိုင်တောင်ပိတ်တော့မှာ ...... ကိုယ်က အခြားပန်းယူလိုက်လို့ရပါတယ် ..."
Jin အတင်းပေး နေတာကြောင့် Soon Young လည်း မငြင်းနေတော့ဘဲ ယူလိုက်၏။
"Gomawo ...... Park Jin shi ...... ရှှင် အခုဝယ်မယ့် ပန်းစည်းဖိုး ကျွန်မပေးပါ့မယ်"