String
Part 22
"ညနေက Hae Yoon အမေ ဖုန်းဆက်လာတယ် …… သူတို့ဘက်က စေ့စပ်ပွဲဖျက်သိမ်းမယ်တဲ့ …… သားငယ် အဲ့ဒါ ဘယ်လိုဖြစ်ရတာလဲ"
မိသားစု စကားဝိုင်းလေး အတွင်း အမေ အစချီလိုက်တဲ့ စကားကြောင့် အဖေနှင့် Jin hyung ရဲ့ အကြည့်တွေ သူ့ဆီရောက်လာလေသည်။
"အဲ့ …… အဲ့ဒါက …… ကျွန်တော့်ကို ဘာမှ အသိမပေးဘဲ စီစဉ်လိုက်လို့ စိတ်ဆိုးပြီး …… Hae Yoon ကို ပြောလိုက်မိတာပါ"
"အဲ့ဒါဆိုရင်တော့ သားမှားတာပဲ … စေ့စပ်ဖို့ကို အစကတည်းက အဖေတို့ပြောနေသားပဲ သားတို့က ငြင်းနေလို့သာ ရွေ့ဆိုင်းထားရတာ …… ပြီးတော့ သားတို့နှစ်ယောက်ကို ကြည့်ရတာလည်း အဆင်ပြေနေတော့ အခုလိုစီစဉ်လိုက်ရင် မငြင်းနိုင်လောက်တော့ဘူး ဆိုပြီး အဖေတို့လူကြီး တွေချည်းတိုင်ပင်ပြီး စီစဉ်လိုက်တာ …… Hae Yoon လည်း သိတဲ့ကိစ္စမဟုတ်ဘူး"
"အဲ့ဒီ့တုန်းက ရုတ်တရက်ကြီးဆိုတော့ ကျွန်တော်လည်း ဒေါသထွက်သွားမိလို့ပါ"
"အဲ့ဒါဆိုရင်လည်း အဲ့ဒီ့အချိန်ကတည်းက လက်မခံနိုင်ဘူး ပြောရောပေါ့ …… ပြီးမှ Hae Yoon ကို ပြဿနာရှာတာတော့ မကောင်းဘူး …… သားက တကယ်ပဲ Hae Yoon ကို လက်မထပ်ချင်တာလား"
"အဲ့လိုတော့လည်း မဟုတ်ပါဘူး ……… တကယ်တော့ ကျွန်တော် သူ့ကို လက်ထပ်သင့်မသင့် ဝေခွဲရ ခက်နေတာပါ …… Hae Yoon က ဘာမှငြင်းစရာ မရှိတဲ့ သူတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ် …… အဲ့ဒါကြောင့်လည်း အဲ့ဒီ့နေ့က ကျွန်တော် မငြင်းခဲ့တာ…… ဒါပေမယ့် တစ်ခုပဲ ကျွန်တော် သူ့ကို မချစ်နိုင်ဘူး …… ကိုယ်မချစ်တဲ့ သူကို လက်ထပ်လိုက်ရင် ရှေ့လျှောက် အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ဖြစ်လာမှာကို ကြောက်တယ် …… အဲ့ဒီ့အချိန်ကျရင် ကျွန်တော့် အတွက်ရော သူ့အတွက်ရော ကောင်းနိုင်မှာ မဟုတ်ဘူး"
သူ့စကားဆုံးတော့ အဖေက သဘောကျစွာရယ်ပြီး ခေါင်းတညိမ့်ညိမ့်ဖြင့် ……
"ငါ့သားက အကြီးကြီး တွေးထားတာပဲ …… အမြဲတမ်း ပေါ့ပေါ့တန်တန် နေလာခဲ့တဲ့ ကောင်က အခုလို တွေးပူတတ်လာတာ ကောင်းပါတယ်ကွာ … သား သေချာစဉ်းစားလို့ ရအောင် တစ်ခုလောက်တော့ အဖေ အကြံပေးမယ် …… သား ထင်ထားသလို အိမ်ထောင်တစ်ခုမှာ အချစ်က သိပ်ပြီး အရေးမပါလှဘူး …… အချစ်ထက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်ပြီး သစ္စာရှိဖို့က ပိုပြီး လိုအပ်တာ …… အဲ့လို ယုံကြည်မှုတွေ မရှိလို့လည်း အချို့ ချစ်လွန်းလို့ ယူထားပြီးကာမှ ကွဲကုန်တာပေါ့"
![](https://img.wattpad.com/cover/69627677-288-k437257.jpg)
KAMU SEDANG MEMBACA
String [Completed]
Fiksi PenggemarDo you believe???? There is a string between us.