String (Part 18)

159 21 0
                                    

String

Part 18

Taehyung တစ်ယောက် လေဆိပ်ထဲမှာ ရင်ခုန်စွာဖြင့်စောင့်နေမိသည်။ ဒီနေ့က Chal Lin ပြန်လာမယ့် နေ့လေ...... ဒီနေ့လေးကို ရောက်ဖို့ သူတစ်ချိန်လုံး လက်ချိုးရေနေခဲ့တာ ...... သူမ စီးလာတဲ့ လေယာဉ် ဆိုက်ကြောင်း ကြေငြာတော့ Taehyung ထွက်ပေါက်နား သွားကာ သူ အတွေ့ချင်ဆုံး မျက်နှာလေးကို လိုက်ရှာနေမိသည်။

"Taehyung ah!!!"

သူမက သူ့ကို လက်လေးတစ်ချက်ဝှေ့ယမ်း ပြရင်း သူ့ဆီ လျှောက်လာလေသည်။ Taehyung သူ့အနားရောက်လာတဲ့ သူမ ကိုယ်လေးကို တင်းကြပ်စွာ ဖက်ထားလိုက်မိ၏။

"ငါ နင့်ကို အရမ်းသတိရတာပဲ"

သူမက အသာလေး သူ့ကိုပြန်တွန်းကာ သူမဘေးကိုပြလိုက်မှ မိန်းကလေး တစ်ယောက်ပါလာတာကို တွေ့လိုက်ရတာကြောင့် သူ ရှက်ရှက်နှင့် ပြန်ခွါလိုက်ရသည်။

"မိတ်ဆက်ပေးရဦးမယ် ...... Taehyung ...... သူက Ji Na ...... ငါ ဟိုမှာနေတုန်းက အခန်းဖော် သူငယ်ချင်း ...... Ji Na ...... ဒါက ငါပြောပြောနေကျ Taehyung လေ"

Chal Lin မိတ်ဆက်ပေးလာတဲ့ ကောင်မလေးကို Taehyung တစ်ချက်ကြည့်လိုက်မိသည်။ အကျင်္ီလက်ရှည် မပွတပွ အဖြူတစ်ထည်ကို Jean ဘောင်းဘီ နှင့်တွဲဝတ်ထားကာ ဦးထုပ်အနက်လေး ဆောင်းထားတဲ့ သူမ ပုံစံက တစ်ယောက်ယောက်ကို အမှတ်ရစေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ...... ဒါနဲ့ Ji Na ကို တစ်နေရာရာမှာ တွေ့ဖူးသလားလို့"

"ဟင့်အင်း ...... မတွေ့ဖူးပါဘူး ...... ဒါက ပထမဆုံး အကြိမ်ပါ ... "

"မဟုတ်ဘူး ...... ကျွန်တော်တို့ တစ်နေရာရာမှာ တွေ့ဖူးသလားလို့ ...... ကျွန်တော်တို့ Hotel ကိုလာဖူးတာလား မသိဘူး"

Taehyung ထပ်ပြောမိတော့ Ji Na မျက်နှာပျက်သွားတာကြောင့် ကြားထဲက Chal Lin ကပင်

"Taehyung ကလည်း Ji Na က ဟိုမှာ နေတာကြာပြီကို နင်နဲ့ ဘယ်လိုလုပ်တွေ့ဖူးမှာလဲ"

"Chal Lin ငါသွားတော့မယ် ...... ဟိုမှာ လာကြိုနေပြီ ...... နင်တို့လည်း လိုက်ခဲ့ကြပါလား"

"နေပါစေ Ji Na ...... ငါတို့ ကိုယ့်ဟာကိုယ် ပြန်လိုက်ပါ့မယ်"

သူတို့ ပြောနေတုန်းမှာပင် အမည်းရောင် suit ဝတ်ထားတဲ့ လူနှစ်ယောက်က သူမနား ရောက်လာကာ သူမကို အရိုအသေပြုလိုက်၏။ သူမလည်း သူတို့ကို နှုတ်ဆက်ပြီး ထိုလူတွေနောက်က လိုက်သွားလေသည်။

String [Completed]Where stories live. Discover now