String ( Part 17)

155 20 0
                                        

String

Part 17

နှစ်လ သူ့အနားမှာ သူမ မရှိတော့တာ နှစ်လ ဆိုပေမယ့် သူ သူမကို တစ်နေ့မှ မေ့လို့မရခဲ့ပေ။ သူခံစားရတာတွေကို မေ့ပျောက်နိုင်ဖို့ အတွက် တစ်ခါမှ မသောက်ဖူးတဲ့ အရက်တွေကိုလည်း သူသောက်နေမိ၏။ ဒီနေ့လည်း သူ ရုံးအပြန်ကို ဘားတစ်ခုသို့ ဝင်ကာ ထိုင်သောက်နေမိပြန်သည်။

"Jin"

သူ့ဘေးနားက ခုံမှာ ထိုင်ကာ သူ့နာမည်ကို ခေါ်လိုက်တာကြောင့် သူ ခေါင်းစိုက်နေရာမှ အသံပိုင်ရှင်ကို မော့ကြည့်လိုက်မိသည်။

"aww Hyeri"

"Jin ကို မတွေ့တာတောင် ကြာပြီ ...... အလုပ်တွေကိုလည်း Jin အဖေပဲ ဦးဆောင်ပြီး လုပ်နေတာများတယ် ...... Jin အဆင်ပြေရဲ့လား"

"ချစ်သူ တစ်ယောက်လုံး ဆုံးရှုံးသွားတဲ့ ကျွန်တော်က အဆင်ပြေနိုင်ပါ့မလား Hyeri ...... ကျွန်တော့် ရင်ထဲက ဒါဏ်ရာတွေ ခုချိန်ထိ မကျက်သေးဘူး"

သူ ပြောရင်းနဲ့ လွတ်သွားတဲ့ ဖန်ခွက်ထဲကို ထပ်ဖြည့်ထည့်ပြီး ပုလင်းကို Hyeri ဘက်သို့ တိုးပေးလိုက်၏။ Hyeri က သူမ လက်ကာပြကာ သူ့ကိုကြည့်ပြီး သက်ပြင်းချရင်း ......

"Jin ဘယ်လောက်ခံစားနေရမလဲ ကိုယ်ချင်းစာမိပါတယ် ...... ဒါပေမယ့်ဘယ်အချိန်အထိ ဒီအတိုင်း ဆက်နေနေ မှာလဲ Jin ...... သေတဲ့သူက သေသွားပြီပဲ ...... ရှင်ကျန်နေရစ်တဲ့ သူတွေက ကိုယ့်ဘဝအတွက် ကိုယ်ရုန်းကန်ရဦးမှာပေါ့ ...... ဒီလိုပုံစံမျိုးနဲ့ နေနေလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ"

"Hyeri ကျွန်တော် ခံစားနေရတာတွေကို တကယ် နားမလည်သေးပါဘူး ...... Hyeri ကျွန်တော့်ကို နားလည်တယ်ဆို ဒီလိုစကားတွေ ပြောမှာ မဟုတ်ဘူး ...... သူများတွေအတွက် Soon Young က ဘယ်လိုဆိုတာ မသိပေမယ့် ...... ကျွန်တော့် အတွက်တော့ Soon Young က သာမာန် မိန်းကလေး မဟုတ်ဘူး ...... ကျွန်တော့် ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးလို့လည်း ပြောလို့ရတယ် ...... ကျွန်တော် ထင်ခဲ့တာက ကျွန်တော်တို့ အသက်တွေကြီးလာတဲ့ အထိ အတူနေသွားကြမယ်ပေါ့ ...... အခု အဲ့ဒီ့စိတ်ကူးတွေ အားလုံး မရှိတော့ဘူး ......"

Jin ပြောပြီး တခွက်ပြီး တစ်ခွက် သောက်နေမိသည်။

"တော်တော့ Jin ...... အရမ်းမူးနေလိမ့်မယ်"

String [Completed]Donde viven las historias. Descúbrelo ahora