String
Part 19
"ဆရာ ကျွန်တော် Soon Young ရဲ့ share တွေကို ဝယ်ထားတယ် ဆိုတဲ့ တစ်ယောက်နဲ့ အဆက် အသွယ် ရပါပြီ ဆရာနဲ့ လာတွေ့ချင်တယ်လို့ပြောတယ် …… ပြီးတော့ သူက အခု လစ်လပ်နေတဲ့ Director ရာထူးအတွက် အရွေးခံရမယ့် ထဲမှာပါနေတယ်"
သူ့ အခန်းထဲ ကသုတ်ကရုတ် ဝင်လာကာ အကြောင်းကြားလာတဲ့ အတွင်းရေးမှူးရဲ့ စကားကြောင့် Mr.Shin ခံပြင်းစွာ "တောက်" တစ်ချက် ခေါက်လိုက်မိသည်။
"ငါ့ကို ပေးဖို့ အတန်တန် ငြင်းနေတဲ့ အဲ့ဒီ့ share တွေကို ဘယ်အချိန်က ထုတ်ရောင်းလိုက်တာလဲ မသိဘူး …… တော်တော် ခံပြင်းဖို့ကောင်းတယ် …… Shin Soon Young နင်က သေတာတောင် ငါ့ကို ဒုက္ခပေးသွား တုန်းပဲ …… ဒါနဲ့ အခု လစ်လပ်နေတဲ့ Director နေရာက Hyeri ကို ထည့်ဖို့ အကုန်စီစဉ်ထား ပြီးသား မဟုတ်လား"
"ဟုတ်ပါတယ်ဆရာ …… ဒါပေမယ့် ရှယ်ယာရှင်တွေကလည်း ပြန်ပြီး မဲခွဲဆုံးဖြတ်မယ် ဖြစ်နေတယ်"
"ဘာကိုမဲခွဲဆုံးဖြတ်ဦးမှာလဲ …… နှစ်ရှည်လများ လုပ်လာတဲ့သူထက် အပြင်လူကို ပိုယုံနေကြတယ်ပေါ့ …… ငါဒီလောက်လုပ်နေတဲ့ကြားက အခြေအနေတွေက ဘာလို့အဲ့လောက်အထိ ဆိုးလာရတယ်လို့ ……"
"အဲ့ဒါက …… ကျွန်တော် ………"
အထေ့ထေ့ အငေါ့ငေါဖြစ်နေတဲ့ သူ့လူကို စိတ်မရှည်စွာပင် ……
"တော်ပြီ …… ဘာမှ မပြောနဲ့တော့ မင်းတို့ကို မေးလိုက်ရင် မသိတာချည်းပဲ …… အခုငါ့ကို ဟို ရှယ်ယာရှင်နဲ့ ချိန်းပေး"
"နေရာကို ရုံးခန်းမှာပဲ ချိန်းလိုက်ရမလား ဆရာ"
"နေဦး …… ညနေ အပြင်မှာတွေ့မယ် …… တစ်နေရာ စီစဉ်ပေး"
"ဟုတ်ကဲ့ ဆရာ ကျွန်တော် စီစဉ်ပေးပါ့မယ်"
အတွင်းရေးမှူး ပြန်ထွက်သွားတော့ Mr.Shin ဒေါသထွက်ထွက်ဖြင့် စားပွဲပေါ်က စာရွက်စာတမ်းတွေကို တွန်းချလိုက်လေသည်။ ဒီ share တွေကိုသာ သူရရင် သူဒီ Company မှာ အာဏာအရှိဆုံး ဖြစ်လာမှာကို အခုတော့ …… ဒီကြားထဲ Japan က လူရဲ့ share တွေကလည်း တဖြည်းဖြည်း နှင့် တိုးလာသေးသည်။ သူ ဒေါသတွေ ထွက်နေမိစဉ်မှာပင် သူ့ဆီဖုန်းဝင် လာတာကြောင့် စိတ်တိုလျက်နှင့်ပင် ပြန်ဖြေလိုက်၏။ တဖက်က အသံက